ရခိုင်ပြည်နယ် မောင်တောမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာ ဖတ်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာ ဖတ်ပွဲကျင်းပ

  






MNP ၊  ဇန်နဝါရီ  ၄

ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊ မောင်တောမြို့၌  (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာ ဖတ်ပွဲ အခမ်း အနားကို ယနေ့ နံနက် ၇ နာရီ အချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှင့် တက်ရောက်လာသူများမှ အလေးပြုကာ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ၊နိုင်ငံတော် စီမံအုပ်ချုပ် ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ ၊သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ထံ မှ ပေးပို့သော သဝဏ်လွှာကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံထွန်းအောင် ဖတ်ကြားခဲ့ပြီး  ၂၀၂၄ ခုနှစ် ၊ဇန်နဝါရီ လ ၄ ရက် လွတ်လပ်နေ့ အထိမ်းအမှတ်အကြို ကျင်းပပြုလုပ်ခဲ့သော အခြေခံပညာ အထက်တန်းနှင့် အလယ်တန်း အ ဆင့် စာစီစာကုံး နှင့် ကဗျာ ပြိုင်ပွဲ များတွင် ဆုရရှိသော ကျောင်းသား/ သူများ  ၊ မောင်တောမြို့နယ်အတွင်း စီမံခန့်ခွဲ ရေး ကိစ္စရပ်များ နှင့် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များအတွက် လိုအပ်သည်များကိုပံ့ပိုးဆောင်ရွက်ခဲ့သည့် ပုဂ္ဂိုလ်များအား မြို့ နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦး ကံထွန်း အောင်  နှင့် အဖွဲ့ဝင်များက ဂုဏ်ပြုလွှာနှင့် ဆုများ အသီးသီး ချီးမြှင့် ပေး ခဲ့ ကြသည်။ 

အခမ်းအနားသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံထွန်းအောင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ၊  မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊မိခင်နှင့်ကလေးအသင်းဝင်များ၊ ဆရာ/မ များ၊ ရပ် ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ နှင့် ပြည်သူများတက်ရောက်ခဲ့ကြကြောင်းသိရသည်။ 


သက်လွင်စိုး ၊အောင်ကျော်စိန် ခရိုင်(မောင်တော)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)