ဗဟန်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ထူးချွန်ကျောင်းသား၊ ကျောင်းသူများ ဆုချီးမြှင့်ခြင်းနှင့် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗဟန်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ထူးချွန်ကျောင်းသား၊ ကျောင်းသူများ ဆုချီးမြှင့်ခြင်းနှင့် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် ကျင်းပ

 




MNP ၊ ဇန်နဝါရီ  ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ထူးချွန်ကျောင်းသား၊ ကျောင်းသူများ ဆုချီးမြှင့်ခြင်းနှင့် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက် (၉) နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း‌ မိုးဦးပန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဗဟန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများနှင့် ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်‌ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ဗဟန်းမြို့နယ်ရှိ အမှတ် (၃) မူလွန်ကျောင်းမှ ကျောင်းသူလေးများက “မင်္ဂလာပါ” သီချင်းသီဆို၍ အခမ်းအနားကို ဖွင်လှစ်ခဲ့ပြီး ကမာရွတ်ခရိုင် ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မြင့်သန်းက အဖွင့်အမှာ စကားပြောကြားခဲ့သည်။

ဆက်လက်၍ ဗဟန်းမြို့နယ်၊ မြို့နယ်ပညာရေးမှူး ဦးဌေးဝင်းက ကျေးဇူးတင်စကားပြောကြားပြီး၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ထူးချွန်ကျောင်းသား၊ ကျောင်းသူများ၊ တိုင်း/ခရိုင်ပြိုင်ပွဲအသီးသီးတွင် ဆုရရှိသူများ၊ လူရည်ချွန်ပြိုင်ပွဲ၊ စွမ်းရည်ပြိုင်ပွဲ၊ ပဌာန်းဓမ္မစကြာဆုရရှိသူများ၊ ဘင်ခရာပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ဆောင်းပါးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ပိုစတာပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌အောင်ကိုလတ်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ဗဟန်းမြို့နယ်ရှိကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက သီဆိုကပြ ဖျော်ဖြေခဲ့ကြောင်း သိရသည်။

အောင်မြင့်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)