၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ သင်္ဘောအစင်းရေ ၆၀၀ ကျော် ရန်ကုန်ဆိပ်ကမ်းသို့ ဝင်ရောက်ဆိုက်ကပ် ကုန်သွယ်ခဲ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ သင်္ဘောအစင်းရေ ၆၀၀ ကျော် ရန်ကုန်ဆိပ်ကမ်းသို့ ဝင်ရောက်ဆိုက်ကပ် ကုန်သွယ်ခဲ့



MNP ၊ ဇန်နဝါရီ ၂

ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ သင်္ဘောအစင်းရေ ၆၀၀ ကျော် ဝင်ရောက်ဆိုက်ကပ်ကုန်သွယ်ခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သိရသည်။


မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ပို့ကုန်များ၊ သွင်းကုန်များလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ကုန်သေတ္တာသင်္ဘောလိုင်းအသီးသီးမှ ခရီးစဉ်များကို တိုးချဲ့ပြေးဆွဲပေးနေကြောင်း သိရသည်။


ထို့ကြောင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ကုန်သေတ္တာတင်သင်္ဘောဆိုက်ကပ်ကုန်သွယ်မှုအနေဖြင့် ဇန်နဝါရီလတွင် ၅၂ စင်း၊ ဖေဖော်ဝါရီလတွင် ၅၁ စင်း၊ မတ်လတွင် ၅၅ စင်း၊ ဧပြီလတွင် အစင်း ၅၀၊ မေလတွင် ၅၆ စင်း၊ ဇွန်လတွင် ၅၇ စင်း၊ ဇူလိုင်လတွင် ၅၃ စင်း၊ ဩဂုတ်လတွင် ၅၄ စင်း၊ စက်တင်ဘာလတွင် ၅၃ စင်း၊ အောက်တိုဘာလတွင် ၄၉ စင်း၊ နိုဝင်ဘာလတွင် အစင်း ၅၀ နှင့် ဒီဇင်ဘာတွင် ၄၉ စင်း စုစုပေါင်း ၆၂၉ စင်း ဆိုက်ကပ် ကုန်သွယ်ခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ အချက်အလက်များအရ သိရသည်။


နိုင်ငံတကာသင်္ဘောလိုင်းများဖြစ်သည့် Sealand Maersk Asia သင်္ဘောလိုင်း၊ SITC သင်္ဘောလိုင်း၊ MSC သင်္ဘောလိုင်း၊ Samudera သင်္ဘောလိုင်း၊ Ever Green သင်္ဘောလိုင်း၊ P.I.L သင်္ဘောလိုင်း၊ BLPL သင်္ဘောလိုင်း၊ RCL သင်္ဘောလိုင်း၊ Land and Sea သင်္ဘောလိုင်း၊ CMA-CGM သင်္ဘောလိုင်း၊ COSCO သင်္ဘောလိုင်း၊ I.A.L သင်္ဘောလိုင်း၊ ONE သင်္ဘောလိုင်း၊ Ti2 Container သင်္ဘောလိုင်းနှင့် BAY သင်္ဘောလိုင်းတို့ ဝင်ရောက်ဆိုက်ကပ်ကုန်သွယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


၂၀၂၄ ခုနှစ် ဇန်နဝါရီအတွက် ကုန်သေတ္တာသင်္ဘော အစင်းရေ ၄၉ စင်း ပြေးဆွဲသွားမည်ဖြစ်ကြောင်းလည်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်များကို အသိပေးထားသည်။


ကုန်သွယ်မှုများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းမှ အလျားမီတာ ၂၀၀၊ တန်ချိန် ၃ဝဝဝ ရှိသည့် အပြည်ပြည်ဆိုင်ရာကုန်တင်သင်္ဘောဆိုက်ကပ်နိုင်သော ဆိပ်ခံတံတား ၂၇ စင်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ထို့ပြင် သီလဝါအပြည်ပြည်ဆိုင်ရာဆိပ်ကမ်းမှလည်း အလျားမီတာ ၂၅ဝ၊ တန်ချိန် ၃၅ဝဝ ရှိသည့် အပြည်ပြည် ဆိုင်ရာကုန်တင်သင်္ဘောဆိုက်ကပ်နိုင်သော ဆိပ်ခံတံတား ၁၉ စင်းဖြင့် ဝန်ဆောင်မှုပေးလျက်ရှိကြောင်းလည်း သိရသည်။


MT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)