လပွတ္တာမြို့နယ်တွင် နွေစပါးမြေသြဇာစုပေါင်းကြဲပက်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လပွတ္တာမြို့နယ်တွင် နွေစပါးမြေသြဇာစုပေါင်းကြဲပက်ပွဲကျင်းပ

 




MNP ၊ ဖေဖော်ဝါရီ       ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာ ခရိုင်၊ လပွတ္တာမြို့နယ်တွင် နွေစပါးမြေသြဇာစုပေါင်းကြဲပက် ခြင်းအခမ်း အနားကို ယနေ့နံနက် ၈ နာရီ ၃၀ အချိန်က လပွတ္တာ-မြောင်မြကားလမ်းဘေး ၁မိုင်၊ ရှမ်စုကျေးရွာရှိတောင်သူဦးထွန်လင်းလယ်မြေဧက ၄၀ တွင်ကျင်းပသည်။

အဆိုပါအခမ်းအနားသို့လပွတ္တာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလွင်ကိုဦး နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးသူရနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြိုနယ်အဆင့်ဌာန ဆိုင်ရာများ၊ အမျိုးသမီးရေရာအဖွဲ့ဝင်များ ၊မိခင်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ကျေးရွာအုပ်စု ၄ မှတောင်သူ ၁၂၀ ဦးရောက်ခဲ့ကြပြီး တောင်သူဦးထွန်လင်း ၏လယ်မြေတွင် နွေစပါးမြေသြဇာ စုပေါင်းကြဲပက်နေမှုအားကြည်ရှုအားပေးခဲ့ကြောင်းသိရသည်။

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)