ပေါင်မြို့နယ်၌ ကျောင်းအခြေပြုဆုံစို့-မေးခိုင် ကာကွယ်ဆေးထိုးနှံပေးခြင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌ ကျောင်းအခြေပြုဆုံစို့-မေးခိုင် ကာကွယ်ဆေးထိုးနှံပေးခြင်းဆောင်ရွက်

  




MNP  ၊   ဖေဖော်ဝါရီ       ၈

မွန်ပြည်နယ်၊‌ပေါင်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျောင်းအခြေပြု ဆုံစို့ - မေးခိုင် ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ မွန်းလွဲ ( ၁ ) နာရီမှ စတင်ကာ (အမက)ဘူတာကျောင်း၌ ကျောင်းသား၊ကျောင်းသူ များအား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံ ပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှ မိခင်နှင့်ကလေးကျန်းမာရေး ဆရာမ နှင့် ကျန်းမာရေးဝန်းထမ်းများက  ပေါင်မြို့နယ်ရှိ အခြေခံပညာကျောင်း ( ၈ ) ကျောင်းမှ (KG )တန်း ကျောင်းသား၊ကျောင်းသူ ( ၂၅၉ )ဦး တို့အား ဆုံစို့-မေးခိုင်ကာ ကွယ်ဆေး များကို ထိုးနှံပေးခဲ့ဖြစ်သည်။

ပေါင်မြို့နယ်တွင် ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံမည့် ကျောင်း ( ၁၃ ) ကျောင်းမှ (K G) တန်းကျောင်းသား၊ကျောင်းသူ စုစုပေါင်း(၄၄၉) ဦး ရှိပြီး ကျန်ရှိနေသေးသော  ကျောင်းမှ (KG) တန်း ကျောင်းသား၊ကျောင်းသူ (၁၉၀ ) ဦးတို့အား ဆုံစို့-မေးခိုင် ကာကွယ်ဆေး များကို ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။


မွန်မလေး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)