MNP ၊ ဖေဖော်ဝါရီ ၂၅
ရခိုင်ပြည်နယ်၊ ဂွမြို့၊ ကင်းရုံးရပ်ကွက်ရှိ နန္ဒရံသီကင်းရုံးကျောင်းတိုက် အတွင်း၌ နှစ်စဥ် ပြုလုပ်မြဲဖြစ်သော နိဗ္ဗာန်စျေး ပွဲတော်ကို ၁၃၈၅- ခုနှစ်၊ တပို့တွဲ လပြည့်နေ့၊ ယမန်နေ့ နံနက်ပိုင်းမှ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
နန္ဒရံသီကင်းရုံးကျောင်းတိုက်၏ (၄၉)ကြိမ်မြောက် မဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲတော်ကို တပို့တွဲလပြည့်နေ့မှ လပြည့်ကျော်(၄)ရက်နေ့အထိ ကျင်းပပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ရာ ပဋ္ဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲအဖြစ် ဖွင့်ပွဲနေ့တွင် နှစ်စဥ်နှစ်တိုင်းနိဗ္ဗာန်စျေး ပွဲတော်ကို ရပ်ကွက်အတွင်းရှိအလှူရှင်များ ပေါင်းစုကာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment