MNP ၊ ဖေဖော်ဝါရီ ၂၇
မွန်ပြည်နယ်၊ပေါင်မြို့နယ်၌နိုင်ငံစီးပွားရန်ပုံငွေဖြင့်ဆောင်ရွက်မည့်ဆီထွက်သီးနှံ (မြေပဲ၊နေကြာ)စီမံကိန်း စိုက်ပျိုးခြင်းအတွက် သွင်းအားစုပေးအပ်ခြင်း အခမ်းအနားကိုယနေ့ မွန်းလွဲ ( ၂ )နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စွာလှိုင် က နိုင်ငံစီးပွားမြှင်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဆီထွက်သီးနှံ (မြေပဲ၊နေကြာ) စီမံကိန်း စိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်ရန် အတွက် သွင်းအားစုများကို မြေပဲနှင့်နေကြာစိုက် တောင်သူများကိုပေးအပ်ခဲ့သည့်အတွက် ရာနှုန်းပြည့်မီအောင် စိုက်ပျိုးကြဖို့လိုအပ်ပါကြောင်း အမှာစကားပြောကြားသည်။
ဆက်လက်၍ သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သိန်းသိန်းအေး က စိုက်ပျိုးရေးနှင့်သမဝါယမ အတူဖြစ်သည့်အတွက် သမဝါယမဦးစီးဌာနအနေဖြင့် မိုးစပါးစိုက်ပျိုးရေးအတွက် ကျုံဟော်ကျေးရွာ ထွန်းသစ်ရွှေဝါ စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက်တွင် အသင်းသား ( ၁၁ )ဦး၏လယ်ဧက ( ၁၃၀ ) အတွက် သွင်းအားစုဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထိုသို့သွင်းအားစုဆောင်ရွက်ရာတွင် မြေပဲစိုက်တောင်သူ မှော်ဘီကျေးရွာ ဧက ( ၅၀ ) ဇဧနှင့် မုတ္တမ-ကျွဲခြံကျေးရွာ ( ၅၀ )ဧက တောင်သူများအား တစ်ဧကလျှင် ငွေကျပ် ( ၃ )သိန်း နှုန်းဖြင့်ညီမျှသော
သွင်းအားစုများအားလည်းကောင်း၊ နေကြာသီးနှံတစ်ဧကလျှင် ကျပ် ( ၂ ) သိန်းကျပ်နှုန်းဖြင့် ညီမျှသောသွင်းအားစုများအား သပြေကုန်းကျေးရွာ ( ၈၆ ) ဧက ၊ သဲကုန်းကျေး ရွာ ( ၁၀၀ ) ဧက ၊ ထန်းပင်ချောင်းလေးကျေးရွာ ( ၈၀ ) ဧက၊ အလှပ်ကျေးရွာ ( ၂၀ ) ဧက စုစုပေါင်း ငွေကျပ် သိန်း ( ၈၇၂ ) သိန်းနှင့်ညီမျှသော သွင်းအားစုများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
မွန်မလေး
https://t.me/MyanmarNationalPost
No comments:
Post a Comment