သာပေါင်းမြို့နယ်တွင် ပန်းခင်းစီမံချက်(၃)အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး နယ်မြေအရောက်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာပေါင်းမြို့နယ်တွင် ပန်းခင်းစီမံချက်(၃)အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး နယ်မြေအရောက်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိ


MNP ၊ဖေဖော်ဝါရီ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်၍ နိုင်ငံသား စိစစ်ရေးကတ်ပြားမရှိသူ ပြည်သူများအား မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက“လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့”ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၃)အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး နယ်မြေအရောက် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ပန်းခင်းစီမံချက်(၃)အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး နယ်မြေအရောက် ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ၊မြို့နယ်ဦးစီးအရာရှိ ဦးမြင့်မြတ်‌ဇော် ဦးဆောင်၍ မြို့နယ်တိုက်နယ်မှူးများ၊ လက်ထောက်လဝကမှူးများနှင့် ဝန်ထမ်းများအား အဖွဲ့(၅)ဖွဲ့ခွဲ၍ မြို့‌ပေါ်ရပ်ကွက်(၃)ခု၊ကျေးရွာအုပ်စု(၆၇)တို့တွင် မြေပြင်အရောက် လူကျန်စာရင်း အကွက်အပေါက်များ ကောက်ယူခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ ပြည်သူများ၊ အသက်(၁၆)နှစ်နှင့် (၁၈)နှစ်ကြား၊ အသက်(၁၈)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ(၉၉၆)ဦး မူတည်ထားရှိပြီး ဇန်နဝါရီလ ၁ ရက်နေ့ မှ စတင်ကာ နယ်မြေအရောက်ကွင်းဆင်း ဆောင်ရွက်ပေး လျက်ရှိခဲ့ရာ ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့အထိ (၅၀၃)ဦးနိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ခဲ့ပြီးကျန်ရှိ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား စက်တင်ဘာလ ၃၀ ရက်နေ့အထိ ရပ်ကွက်၊ ကျေးရွာများသို့ နေ့ရက်အလိုက် ဆက်လက် ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးဇော်သိန်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)