အိမ်မဲမြို့နယ်တွင် စုပေါင်းစျေးရောင်းပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲများကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အိမ်မဲမြို့နယ်တွင် စုပေါင်းစျေးရောင်းပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲများကျင်းပ

 



MNP ၊ဖေဖော်ဝါရီ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြို့မလူငယ်လေ့ကျင့်ရေးဘောလုံကွင်းတွင် စုပေါင်းစျေးရောင်းပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲများကို ယမန်နေ့ညတွင် ဆက်လက်ကျင်းပခဲ့သည်။

အဆိုပါ စုပေါင်းစျေးရောင်းပွဲတော်ကို ဖေဖော်ဝါရီလ (၂၃) ရက်နေ့မှ (၂၉)ရက်နေ့အထိ (၇) ည တိုင်တိုင်စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး စျေးရောင်းပွဲတော်တွင် အထည်ဆိုင်၊ အရုပ်ဆိုင်၊ အိတ်ဆိုင်၊ မြန်မာမုန့်မျိုးစုံဆိုင်၊ အကင်မျိုးစုံဆိုင် စသည့်ဆိုင်များနှင့် ပျော်ပွဲရွှင်ပွဲများ အနေဖြင့်အပျော်တမ်းဘောလုံးပစ်၊ သရေကွင်းပစ်၊ ဗလာမပါကံစမ်းမဲများ၊ ကလေးများအတွက် ပျော့ပျော့အိအိ၊ ပင်လယ်ဓားမြ၊ ဒုံးပျံ စသည်တို့ပါဝင်ကြပြီး အိမ်မဲမြို့ပေါ်နေပြည်သူများနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ပြည်သူများက အေးချမ်းပျော်ရွှင်စွာဆင်နွှဲလျက်ရှိကြောင်း သိရသည်။


ချစ်သက်လယ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)