အာဆီယံ-ကိုရီးယားဗဟိုဌာန ကောင်စီဒါရိုက်တာအဖွဲ့ဝင်များ၏ (၁၆) ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးသို့ မြန်မာသံအမတ်ကြီး ပါဝင်တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အာဆီယံ-ကိုရီးယားဗဟိုဌာန ကောင်စီဒါရိုက်တာအဖွဲ့ဝင်များ၏ (၁၆) ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးသို့ မြန်မာသံအမတ်ကြီး ပါဝင်တက်ရောက်






ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၂

ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်သည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ကျင်းပခဲ့သည့် ဆိုးလ်မြို့အခြေစိုက် အာဆီယံ-ကိုရီးယားဗဟိုဌာန (ASEAN KOREA CENTRE- AKC) ကောင်စီဒါရိုက်တာအဖွဲ့၏ (၁၆) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့ကြသည်။ 

အဆိုပါအစည်းအဝေးသို့ အခြား အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့် AKC အတွင်းရေးမှူးချုပ် H.E. Mr. Kim Hae-yong နှင့်အတူ ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံနှင့်အရှေ့တောင်အာရှဆိုင်ရာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် Mr. Dong-bae Kim တို့လည်းပါဝင်တက်ရောက်ခဲ့သည်။ 

အစည်းအဝေးတွင် အာဆီယံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့အကြား အနာဂတ်ရေရှည်ဖွံ့ဖြိုးမှု၊  ကြွယ်ဝစည်ပင်မှုနှင့် အားလုံးပါဝင်နိုင်သည့် ဒေသတွင်း မိတ်ဖက်အဖွဲ့အစည်း ဖြစ်လာနိုင်မှု တို့အပေါ် အလေးထားဆွေးနွေးခဲ့ကြပြီး၊ AKC သည် အာဆီယံနှင့် ကိုရီးယားနိုင်ငံတို့အကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းများကို မြှင့်တင်ပေးရန်အတွက် ပိုမိုကောင်းမွန်သော မဟာဗျူဟာများ ချမှတ်လုပ်ဆောင်သွားရန် တက်ရောက်လာသည့် ကိုယ်စားလှယ်များမှ တိုက်တွန်း ပြောကြားခဲ့ကြသည်။ 

အစည်းအဝေးတွင် မြန်မာသံအမတ်ကြီးက ကိုရီးယားသမ္မတနိုင်ငံသည် အာဆီယံနှင့်ပတ်သက်၍ ယင်း၏ နိုင်ငံခြားရေးမူဝါဒတစ်ရပ်အဖြစ် Korea-ASEAN Solidarity Initiative (KASI) ကို ထုတ်ပြန်ကြေညာခဲ့ခြင်းနှင့် AKC မှတစ်ဆင့် အာဆီယံနှင့် အစဉ်အမြဲ ပူးပေါင်းဆောင်ရွက်နေခြင်း တို့ကို ကျေးဇူးတင်ရှိကြောင်း၊ AKC အတွင်းရေးမှူးချုပ် H.E. Mr. Kim Hae-yong ၏ ဦးဆောင်မှုဖြင့် AKC သည် Jeju ASEAN Hall ကိုဖွင့်လှစ်နိုင်ခဲ့ခြင်း၊ “ASEAN Centrality” စာအုပ်ကို ကိုရီးယားဘာသာဖြင့် ထုတ်ဝေနိုင်ခဲ့ခြင်းနှင့် အခြားသော အစီအစဉ်ကောင်းများစွာကို ပြုလုပ်နိုင်ခဲ့သည်ကို ကြိုဆိုပါကြောင်း၊ AKC အတွင်းရေးမှူးချုပ်သစ်အဖြစ် တာဝန်ထမ်းဆောင်မည့် H.E. Mr. Kim   Jae-shin နှင့်လည်း ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အာဆီယံ-ကိုရီးယား မဟာဗျူဟာမိတ်ဖက် ဆက်ဆံရေးတွင် အောင်မြင်မှုများရရှိခဲ့သည့်အတွက် ၂၀၂၄ ခုနှစ်နှောင်းပိုင်းတွင် ကျင်းပမည့် အာဆီယံ-ကိုရီးယား ထိပ်သီးအစည်းအဝေးတွင် ဘက်စုံမဟာဗျူဟာမိတ်ဖက်ဆက်ဆံရေး (Comprehensive Strategic Partnership) အဆင့်သို့ တိုးမြှင့်နိုင်တော့မည်ဖြစ်ကြောင်းနှင့် ၂၀၂၄ ခုနှစ်တွင် ကျရောက်မည့် အာဆီယံ-ကိုရီးယား ဆွေးနွေးဖက်ဆက်ဆံရေး (၃၅)နှစ်မြောက် နှစ်ပတ်လည်အခါသမယတွင် အာဆီယံနှင့် ကိုရီးယားနိုင်ငံတို့အကြား ကဏ္ဍသစ်တစ်ရပ်ကို ဖွင့်လှစ်နိုင်မည်ဖြစ်သည့်အတွက် ဂုဏ်ယူပါကြောင်းစသည်ဖြင့် ထည့်သွင်းပြောကြားခဲ့သည်။

အစည်းအဝေးအပြီး ဂုဏ်ပြုညစာစားပွဲကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ကိုရီးယားနိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (ပထမ) H.E. Kim Hong-kyun တက်ရောက်၍ အာဆီယံ-ကိုရီးယား မိတ်ဖက်ဆက်ဆံရေးတွင် AKC ၏အရေးပါမှုနှင့် အောင်မြင်မှုများအပေါ်  ဂုဏ်ပြုအမှာစကားပြော ကြားခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)