MNP ၊ ဖေဖော်ဝါရီ -၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ၊ မီးလောင်အုပ်စု၊ဝါးလည်အခြေခံပညာမူလတန်းကျောင်းတွင် ယမန်နေ့ နံနက်ပိုင်းက ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊မြို့နယ်တိုင်းရင်းဆေးကုဌာန တို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ နှင့် နံရံကပ်စာစောင်ပြပွဲကို ကျင်းပခဲ့သည်။
ရှေးဦးစွာ ဝါးလည် အခြေခံပညာမူလတန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်လဲ့လဲ့ဝင်းက အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၊ဒုတိယဦးစီးမှူး ဒေါ်ယဥ်ယဥ်ဆင့် က စားသုံးသူ နှင့်ပတ်သက်သော စားသုံးသူ၏ အဓိပ္ပာယ်၊ တာဝန်နှင့် ကုန်အညွှန်းအမှတ်အသား (၈)ချက်၊မြို့နယ်တိုင်းရင်းဆေးကုဌာန မြို့နယ်ဦးစီးမှူး ဒေါ်နီလာမြင့်က အာဟာရအုပ်စုများနှင့် ကျန်းမာရေးဆိုင်ရာ သိကောင်းစရာအကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယ ဦးစီးမှူး ဒေါ်နွေးဒါလီနိုင်က ကျောင်းသား/ ကျောင်းသူများအား ပြည်ထောင်စုနေ့ဖြစ်ဖော်လာပုံ၊စာဖတ်ခြင်း၏အကျိုးကျေးဇူးများ၊ ၊လူကုန်ကူးမှုတားဆီးရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာများအကြောင်းနှင့်"ငလက်မ " ပုံပြင်ကိုကျောင်းသား/ ကျောင်းသူ လေးများအားပြောပြပေးခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူလေးများကို ၊လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်၊ကလေးအလုပ်သမားပပျောက်ရေးနံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး စာအုပ်စာပေများကိုဖတ်ရှုခဲ့ကြောင်း သိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment