မင်းကိုနိုင်လို ပရော်ဖက်ရှင်နယ် အကြမ်းဖက်လှုံ့ဆော်သူ ဖြစ်ချင်သလား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းကိုနိုင်လို ပရော်ဖက်ရှင်နယ် အကြမ်းဖက်လှုံ့ဆော်သူ ဖြစ်ချင်သလား



မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ မိဘပြည်သူများ၊ လူငယ်လူရွယ်များ သတိပြုမိစေဖို့ စာရေးသူအနေနဲ့ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေရဲ့ သရုပ်မှန်၊ သဘောသဘာဝကို ရေးသားပြဆိုလျက်ရှိပါတယ်။ ယနေ့ တိုင်းပြည်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်လှုပ်ရှားမှုတွေကို ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ နိုင်ငံရေးလုပ်စားသူတွေနဲ့ ပြည်ဖျက်မီဒီယာများ က ဦးဆောင်နေခြင်းဖြစ်ပါတယ်။ လှုံ့ဆော်သူတွေအားလုံးဟာ ဘေးလွတ်ရာမှာပဲ ရှိနေတယ်။ သူတို့ရဲ့ သွေးထိုးလှုံ့ဆော်မှုအပေါ် လိုက်ပါလုပ်ဆောင်မယ့် လူ့ငနွားတွေက ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေရဲ့ ရည်ရွယ်ချက်တွေကို ဖော်ဆောင်ပေးကြတယ်။ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေက လူငယ် လူရွယ်တွေကို ကြေးစားလူသတ်သမားများ၊ ကြေးစားဖောက်ခွဲရေးသမားများအဖြစ် အသုံးချပြီး တိုင်းပြည်အလုံးစုံ ပျက်သုဉ်းရေးကို ဖော်ဆောင်နေကြခြင်းပဲ ဖြစ်ပါတယ်။

စာရေးသူအနေနဲ့ ပြည်ဖျက်မီဒီယာများထဲက Myanmar Now က ဆွေဝင်း နဲ့ Khit Thit Media က သာလွန်ဇောင်းထက် တို့ နှစ်ယောက်အကြောင်းကို ရေးသားပြဆိုခဲ့တယ်။ သူတို့ မီဒီယာအတတ်ပညာကို တတ်ကျွမ်းတယ်။ သူတို့ တတ်တဲ့ ပညာနဲ့ အများပြည်သူကို ကောင်းကျိုးပြုဖို့ မစဉ်းစားဘူး။ သူတို့ကို ငွေကြေးပံ့ပိုးပေးနိုင်မယ့် တိုင်းတပါးအဖွဲ့အစည်းတွေအတွက် သူတို့ရဲ့ ပညာကို အသုံးချတယ်။ အများပြည်သူ အတိဒုက္ခရောက်အောင် ဖန်တီးလုပ်ဆောင်တယ်။

နောက်တစ်ယောက်ကတော့ NUG တော်လှန်ရေးကျားဖြန့်ဂိုဏ်း ရဲ့ ငွေကြေးအရှုပ်တော်ပုံမှာ ပြဿနာတက်နေတဲ့ ပန်ဆယ်လို (ခ) ဖာမ အကြောင်း ရေးသားပြဆိုထားတယ်။ ဖာမ ဆိုတာက ပြည်ပြေး ဝရမ်းပြေးတွေ က ပန်ဆယ်လို ကို ကင်ပွန်းတပ်ပေးထားတဲ့နာမည်ပါ။ ပဒက်တွေအတွက် ခေါင်းစဉ်အမျိုးမျိုးနဲ့ ဖာမ က အလှူခံတယ်။ နောက်တော့ အမေရိကန်မှာ အိမ်ဝယ်လိုက်တယ်။ အဲဒီသတင်းထွက်လာတော့မှ ဖာမ ရဲ့ ငွေကြေးအလွဲသုံးစားလုပ်ရပ်တွေအပေါ် ပြည်ပြေး ဝရမ်းပြေးတွေကြားမှာ မကျေနပ်မှုတွေ မြင့်တက်လာတယ်။

အခု ထပ်မံတင်ပြပေးမယ့် ပုဂ္ဂိုလ်ကတော့ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေထဲမှာ လုပ်ကြံဖန်တီး လှုံ့ဆော်မှုတွေကို အပြောင်မြောက်ဆုံး လုပ်နိုင်စွမ်းရှိတဲ့ မင်းကိုနိုင် ဆိုသူရဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ မင်းကိုနိုင်ရဲ့ လှုံ့ဆော်မှုစွမ်းရည်ဟာ အခုမှ မဟုတ်ဘူး။ ၈၈ ကာလမှာကတည်းက သူ့ရဲ့လှုံ့ဆော်မှုကြောင့် လမ်းပေါ်ရောက်ခဲ့ကြသူတွေ အများကြီး ရှိတယ်။ မင်းကိုနိုင်ဟာ အကယ်ဒမီရ မင်းသား၊ မင်းသမီးတွေထက်ကိုပိုပြီး လုပ်ကြံဖန်တီးလှုံ့ဆော်ရာမှ ပီပြင်တယ်။ ၈၈ ကာလတုန်းက မင်းကိုနိုင်ရဲ့ လှုံ့ဆော်မှုကို နားယောင်ခဲ့သူ တစ်ဦးက "အင်းယားကန်ပေါ်ကနေ မင်းကိုနိုင် ကဗျာရွတ်တာ။ သူကဗျာရွတ်တာကို ကြားပြီး မနေနိုင်တော့ဘူး။ လက်သီးလက်မောင်းတန်းပြီး ဆန္ဒပြလူအုပ်ထဲ ရောယောင်ပါသွားခဲ့ဖူးတယ်။" လို့ ပြောပြဖူးတယ်။

သဘာရင့် ဝါရင့် ပရောက်ဖက်ရှင်နယ် လှုံ့ဆော်သူ တစ်ယောက်အနေနဲ့ ၂၀၂၁ မဲလိမ်မဲခိုးမှုကြောင့် NLD ပါတီ အာဏာလက်မဲ့ ဖြစ်သွားချိန်မှာလည်း လှုံ့ဆော်သူတစ်ယောက်အဖြစ် ပြန်လည် ပါဝင်လာခဲ့တယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၄)ရက်နေ့မှာ ဆန္ဒပြမှုတွေ စတင်ခဲ့တယ်။ ဆန္ဒပြ လူအုပ်စုတွေကြားကို မင်းကိုနိုင် ခဏတဖြုတ် ထွက်လာပြီး လူလုံးပြတယ်။ သူအပိုင်းဆေးထိုးလို့ ရမယ့် လူငယ်တွေကို သွေးကြွစေမယ့် စကားတွေ ပြောတယ်။ ကားနဲ့ ပြေးတယ်။ ကားပေါ်ကနေ အသည်းအသန် လှုံ့ဆော်ရတဲ့ ပုံစံမျိုး ရုပ်သံတွေ ထုတ်လွှင့်ပေးတယ်။ ဆင်ခြင်တုံတရားနည်းတဲ့ လူတွေအနေနဲ့ မင်းကိုနိုင် လုပ်ကြံဖန်တီးပြောဆိုတာတွေကို ကြားလိုက်ရင် မနေနိုင် မထိုင်နိုင်ဖြစ်ပြီး သွေးကြွလာမယ်။ ဆန္ဒပြရာကနေ လူ့အသိစိတ်ဓာတ်ပျောက်ပြီး တွေ့သမျှကို ရန်ရှာစော်ကားတဲ့ နီပိန်းတွေရဲ့ လုပ်ရပ်တွေကို တွေ့ခဲ့ရတယ် မဟုတ်လား။ မင်းကိုနိုင်ရဲ့ လုပ်ကြံဖန်တီး ပြောဆိုမှုတွေဟာ အင်မတန် ယုတ္တိရှိလွန်းတဲ့အတွက် လုပ်ကြံဖန်တီးပြောဆိုနေတယ်လို့ကို မထင်ရဘူး။ မူးယစ်ဆေးဝါး သုံးစွဲပြီးရင် တဖြည်းဖြည်း စိတ်ကြွလာသလိုပဲ မင်းကိုနိုင်ရဲ့ မှိုင်းမိတဲ့ လူငယ်တွေမှာလည်း မူးယစ်ဆေးစွဲသလို ဖြစ်ခဲ့ကြရတယ်။ ဆန္ဒပြတယ်၊ ဆူပူတယ်၊ အကြမ်းဖက်တယ်။ တဖြည်းဖြည်းနဲ့ စိတ်ကြွလာတဲ့ သဘောကို မြင်တွေ့ကြရတယ်။

အဲဒီလို ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပေါ်အောင် လှုံ့ဆော်နိုင်စွမ်းရှိတဲ့ မင်းကိုနိုင် ဟာ ဘယ်တော့မှ အန္တရာယ်ရှိလောက်တဲ့ နေရာမှာ မနေဘူး။ ဘေးလွတ်ရာမှာပဲ နေတယ်။ လှုံ့ဆော်ရလွယ်ကူတဲ့ လူငယ်တွေကို တဖြည်းဖြည်း အရှိန်တင်ပေးတယ်။ ဆန္ဒပြရာနေ ဆူပူ၊ ဆူပူရာကနေ အကြမ်းဖက်လမ်းကြောင်းပေါ်အထိ တင်ပေးသွားခဲ့တယ်။ သူ့ရည်ရွယ်ချက်ကို ရောက်ပြီလည်း ဆိုရော မင်းကိုနိုင် ပြည်ပကို ထွက်ပြေးသွားပါလေရော။ သူမှိုင်းတိုက်ခဲ့တဲ့ လူငယ်တွေက ဘယ်လို ထိန်းမရတော့ဘူး။ အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဖို့လည်း ဝန်မလေးတဲ့ အနေအထားဖြစ်သွားတယ်။

မင်းကိုနိုင်ရဲ့ သဘောကို ရိပ်စားမိတဲ့ လူတွေက မင်းကိုနိုင် ခိုင်းသလို မလုပ်ဘူး။ မင်းကိုနိုင်ရဲ့ လမ်းစဉ်နောက်ကို လိုက်တယ်။ မင်းကိုနိုင်နဲ့ အတူတွဲပြီး လှုံ့ဆော်တဲ့ အလုပ်ကိုပဲ လုပ်တယ်။ တပ်မတော်ထဲကနေ CDM လုပ်သွားတဲ့ ထက်မြတ် တို့ဆိုရင် မင်းကိုနိုင်လောက် လူငယ်မကျပေမယ့် မင်းကိုနိုင်နဲ့အတူတွဲပြီး လှုံ့ဆော်တဲ့ အလုပ်ပဲ လုပ်တယ်ဆိုတာ ခေသူတော့ မဟုတ်ဘူးလို့ တွက်ဆနိုင်တယ်။ မင်းကိုနိုင် ခိုင်းတဲ့အတိုင်းသာ လုပ်ရင် ဗိုလ်ကြီးထက်မြတ် ဆိုတဲ့ကောင်လည်း သေနေလောက်ပြီ။ ဗိုလ်ကြီးဟောင်း နေမျိုးဇင် ဆိုရင်လည်း နိုင်ငံရေးသမားတွေရဲ့ လူပါးဝမှုကို သိတယ်။ လှုံ့ဆော်ပြီး ပြေးမယ်။ ဘေးလွတ်ရာနေပဲ လှုံ့ဆော်ရမယ်ဆိုတာ သိတယ်။ ဘေးဖြစ်နိုင်တဲ့ အခြေအနေမှာ လုံးဝအငြိမ်ပဲ။ လွတ်မြောက်နယ်မြေကို ရောက်ပြီဆိုမှ ခွေးလိုဟောင်တာ တွေ့ကြတယ် မဟုတ်လား။

နိုင်ငံရေးလုပ်စားသူတွေရဲ့ သဘောကတော့ အဲဒီလို ရှိပါတယ်။ မင်းကိုနိုင် ဖြစ်စေ၊ မျိုးရန်နောင်သိန်း ဖြစ်စေ၊ အောင်ကြည်ညွန့်၊ လွင်ကိုလတ်၊ ဇော်ဝေစိုး၊ ဇင်မာအောင် ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာအားလုံးဟာ သူတို့ ဘေးကင်းရာကို ရောက်မှ လှုံ့ဆော်ကြတာ ဖြစ်ပါတယ်။ သူတို့ရဲ့ ပြောပုံဆိုပုံကို ကြည့်ရင်ဖြင့် သူတို့လောက် သတ္တိရှိတဲ့သူ ကမ္ဘာမှာ မရှိတော့တဲ့ ပုံစံမျိုးနဲ့ လှုံ့ဆော်ကြတာကို တွေ့ကြရပါလိမ့်မယ်။

မင်းကိုနိုင်ရဲ့ သွေးထိုးလှုံ့ဆော်မှုတွေကြောင့် သေပွဲဝင်ခဲ့ရတဲ့ လူငယ်လူရွယ်ပေါင်းများစွာ၊ အဖမ်းခံခဲ့ရတဲ့ လူငယ်တွေလည်း မနည်းပါဘူး။ မင်းကိုနိုင်ရဲ့ ခိုင်းစေချက်ကြောင့် အကြမ်းဖက်သမားအဖြစ် ကိုယ့်ပြည်သူအချင်းချင်း ရက်စက်စွာ သတ်ဖြတ်ခဲ့ကြတဲ့ အကြမ်းဖက်သမားတွေလည်း ရှိပါတယ်။

စာရေးသူအနေနဲ့က လူငယ်တွေကို အသုံးချခံ မဖြစ်စေလိုဘူး။ ဒီလူတွေရဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ချက်တွေကို ကြည့်ပြီး အတုယူ။ သူတို့လို ဘေးအန္တရာယ်ကင်းအောင် လုပ်စားတတ်မယ်ဆိုရင် အန္တရာယ် မကျရောက်တော့ဘူးပေါ့။ အခုတော့ လူငယ်များဟာ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများရဲ့ အသုံးချခံအဖြစ်နဲ့ များစွာ နစ်နာဆုံးရှုံးခဲ့ရတယ် မဟုတ်ပါလား။


ဒေါင်းနင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)