MNP ၊ ဖေဖော်ဝါရီ ၈
မြန်မာနိုင်ငံ ဗဟိုဘဏ်မှ ယနေ့ ဖေဖေါ်ဝါရီလ (၈) ရက်တွင် ပြင်ပနိုင်ငံခြားငွေကြေးဈေးကွက်အတွင်းသို့ အမေရိကန်ဒေါ်လာ ၈ သန်း ထပ်မံရောင်းချပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ဗဟိုဘဏ်အနေဖြင့် ပြင်ပငွေကြေးဈေးကွက်အတွင်း နိုင်ငံခြားငွေရောင်းချခြင်းကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ (၁၈) ရက်နှင့် (၂၁)ရက် တိုတွင် စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများအ တွက် ဒေါ်လာ ၂၂.၁၅ သန်း စတင်ရောင်းချပေးခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း အမေရိကန်ဒေါ် လာ ၆၆.၉၃ သန်း၊ ဖေဖော်ဝါရီလတွင် အမေရိကန်ဒေါ်လာ ၃၂ သန်း၊ ထိုင်းဘတ် ၃၁၃.၅ သန်းနှင့် တရုတ်ယွမ် ၄ သန်းတို့ကို နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment