MNP ၊ ဖေဖော်ဝါရီ ၂၅
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၏ ( ၇၇ )နှစ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို ကဒါရပ်ကွက်၊ကမ္ဘာအေးစေတီဘုရား၌ ဖေဖော်ဝါရီလ (၂၅ )ရက်၊ နံနက်က ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ (၇၇)နှစ်မြောက် မွန်အမျိုးသားနေ့အလံလွှ့င်ထူပြီးတာဝန်ရှိသူများကဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။ ဆက်လက်၍ မွန်အမျိုးသား နိုင်မွန်စိန်အောင် က မွန်အမျိုးသားတို့သည် စည်းလုံးညီညွှတ်မှုရှိခြင်း၊ ဇာတိသွေး၊ဇာတိမာန်ရှိသောလူမျိုးဖြစ်ခြင်း၊မွန်အမျိုးသားနေ့အခမ်းအနားကိုနှစ်စဉ်ကျင်းပနိုင်အောင် ကူညီဆောင်ရွက်ပေးကြသည့်အတွက်ဂုဏ်ယူပါကြောင်းအမှာစကားပြောကြားသည်။
ထိုနောက် မွန်လူငယ်နိုင်ဇော်ဝင်းက မွန်အမျိုးသားများ စာပေနှင့်ယဥ်ကျေးမှုများ မ ပပျောက်စေရန် ထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်ပါကြောင်း၊နိုင်စိန်ထွန်းကလည်းမွန်အမျိုးသားနေ့နှင့်ပတ်သက်သည့်မြေစိုက်ပိုစတာများ စိုက်ထူးရခြင်း၏ရည်ရွယ်ချက်များအားချပြရှင်းလင်းခဲ့သည်။
နေ့လယ်ပိုင်းတွင် သံဃာတော်များထံမှ တရားနာယူပြီး ဆွမ်းနှင့်လှူဖွယ်များ ဆပ်ကပ်လှူဒါန်းခြင်း၊ ဧည့်ခံကျွေးမွေးခြင်းများပြုလုပ်ခြင်း၊ညနေပိုင်း၌အားကစားပြိုင်ပွဲများ၊မွန်အကပဒေသာများဖြင့်ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
(၇၇)နှစ်မြောက် မွန်အမျိုးသားနေ့ကျင်းပခြင်းဖြင့် မွန်တိုင်းရင်းသားများ စည်းလုံးညီညွတ်စွာဖြင့် ဘိုးဘွားများချမှတ်ထားသည့် ရိုးရာဓလေ့ထုံးတမ်းများကို ဖော်ထုတ်နိုင်ပြီး မွန်လူငယ်များအနေဖြင့် မိမိတို့၏ တိုင်းရင်းသားစာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုထုံးတမ်းတို့ကို မပျောက်မပျက်အောင် ဂရုပြုကာ လက်ဆင့်ကမ်းထိန်းသိမ်းသွားနိုင်ရန် ရည်ရွယ်ကာ မွန်အမျိုးသားနေ့အား အစဉ်အဆက် လက်ဆင့်ကမ်း ကျင်းပခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
မွန်မလေး
https://t.me/MyanmarNationalPost
No comments:
Post a Comment