MNP ၊ ဖေဖော်ဝါရီ ၂၇
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ခရီးစဉ်လမ်းညွန်မှာကြားချက်များနှင့်အညီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ( မြို့နယ် စိုက်ပျိုးရေး ၊မွေးမြူရေးကြီကြပ်မှုကော်မတီ)ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊မြို့နယ် စိုက်ပျိုးရေး ၊မွေးမြူရေးကြီးကြပ်မှုကော်မတီပါဌာနဆိုင်ရာများပါဝင်သည့်အဖွဲ့မှ ယမန်နေ့ နံနက်ပိုင်းက ဝါးတောကျေးရွာအုပ်စုနှင့်မီးလောင်ကျေးရွာအုပ်စုရှိ တောင်သူများနှင့်တွေ့ဆုံ၍ ဝါးတောကျေးရွာအုပ်စု၊ ဆည်ကြီးကုန်းဆည် ( ကျေးလက်ဆည်ထိန်းသိမ်းရေးကော်မတီမှထိန်းသိမ်းထားသည့်ဆည်) ရေဖြင့် ဆီထွက်သီးနှံ နွေနှမ်းလျာထားဧက ( ၁၀၀) တိုးချဲ့စိုက်ပျိုးနိုင်ရေး တောင်သူများနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။
ဘ အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ( မြို့နယ် စိုက်ပျိုးရေး ၊မွေးမြူရေးကြီးကြပ်မှုကော်မတီ) ဥက္ကဌ ဦးဟံဝင်းအောင်က ရွှေတောင်မြို့နယ်အတွင်း ဒေသတွင်း ဆီဖူလုံမှုရရှိစေရေးအတွက် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ ၊နေကြာ၊ နှမ်းတို့အား တိုးချဲ့စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်နေမှုအခြေအနေများ ရှင်းလင်းဆွေးနွေးခြင်း၊ ယခင်နှစ် ဆည်ကြီးကုန်းဆည်ရေဖြင့် နွေနှမ်း (၆၈) ဧကစိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ်တွင်လည်း ယခင်နှစ်ထက် နွေနှမ်းစိုက်ဧကများ ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့်လျာထားဧက ( ၁၀၀)ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးအတွက် တောင်သူများမှ တက်ညီ လက်ညီပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊ လိုအပ်သည့်နှမ်းမျိုးဖြစ်သည့်( ဂွကြောနက်မျိုး) ရရှိစေရေးအတွက် မြို့နယ် စိုက်ပျိုးရေး ၊မွေးမြူရေးကြီးကြပ်မှုကော်မတီမှ စီမံဆောင်ရွက်ပေးမည်ဖြစ်ပြီး တောင်သူများအနေဖြင့်ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေပေးမြောင်းများ၊ ခြုံနွယ်များရှင်းလင်းခြင်းနှင့် တူးဖော်ခြင်းလုပ်ငန်းများအား ၂၀၂၄-ခုနှစ်၊ ဖေဖော်ဝါရီလကုန်အပြီး ဆောင်ရွက်ပေးစေလိုကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်ဆည်မြောင်းဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ မှ ရေသွင်း/ ရေထုတ်နှင့် စိုက်နည်းစနစ်မှန်ကန်ရေးတို့အား အသိပညာပေး ရှင်းလင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment