MNP ၊ ဖေဖော်ဝါရီ -၂၀
ပဲခူးတိုင်းဒေသကြီးပြည်ခရိုင်၊ ရွှေတောင် မြို့နယ်တွင် ၂၀၂၄-ခုနှစ် နွေစပါးလျာထားဧက( ၂၂၅၇) ဧကရှိပြီး စိုက်ပျိုးပြီးဧက( ၁၈၃၁) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
ရွှေတောင်မြို့နယ်တွင် ၂၀၂၄- ခုနှစ် နွေစပါး စိုက်ပျိုးသောစပါးမျိုးများမှာ ရက် ၉၀ စပါး ၊ ရတနာတိုး၊ ဗီယက်နမ်စပါးမျိုး များဖြစ်ပြီးနွေစပါးစိုက်ပျိုးရာတွင် ပျိုးထောင်စိုက်ပျိုးခြင်း၊ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ၊ Drum Seeder လက်ဆွဲကောက်စိုက်ကိရိယာတို့ဖြင့်စိုက်ပျိုး၍စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် စပါးအထွက်နှုန်း တိုးတက်ကောင်းမွန်ရေးအတွက် မျိုးစပါးများဖြန့်ဖြူးပေးခြင်း မြေဩဇာသွင်းအားစုများ ဖြန့်ဖြူးပေးခြင်းနှင့် စိုက်ပျိုးရေးနည်းစနစ်များအား ကွင်းထဲအရောက်အသိပညာပေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လယ်ယာကဏ္ဍသီးနှံစိုက်ပျိုးထုတ်လုပ်မှု မြင့်မားတိုးတက်ရေး၊ အရည်အသွေးကောင်းမွန်ရေး၊ ဒေသတွင်းစားနပ်ရိက္ခာ ဖူလုံပိုလျှံစေရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် စိုက်ညှိအဖွဲ့များမှ တောင်သူများ၏လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကိုကို မင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment