မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း မြို့ဝန်ကြီးစေတီတော်မြတ်ကြီးအား ရောင်တော်ဖွင့် ဆေးသင်္ကန်းတော် ဆက်ကပ်လှူဒါန်းပူဇော်ခြင်း၊ဆွမ်းသပိတ်၊ပန်း၊ရေချမ်း၊ဆီမီး၊အမွှေးနံ့သာများဖြင့်ဆက်ကပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း မြို့ဝန်ကြီးစေတီတော်မြတ်ကြီးအား ရောင်တော်ဖွင့် ဆေးသင်္ကန်းတော် ဆက်ကပ်လှူဒါန်းပူဇော်ခြင်း၊ဆွမ်းသပိတ်၊ပန်း၊ရေချမ်း၊ဆီမီး၊အမွှေးနံ့သာများဖြင့်ဆက်ကပ်လှူဒါန်း

  





MNP ၊   ဖေဖော်ဝါရီ    ၂၅

မွန်ပြည်နယ်၊ပေါင်မြို့နယ်၊ မုတ္တမမြို့အမှတ်(၁၀၂)ခြေမြန်တပ်ရင်းတွင် ရှေးသူတော်ကောင်းများ တည်ထားပူဇော်ခဲ့သော မြို့ဝန်ကြီးစေတီတော်မြတ် (ဗုဒ္ဓါဘိသေကအနေကဇာတင်မင်္ဂလာ) ၊ ဘက်စုံ ပြုပြင်မွမ်းမံခြင်းနှင့် ရောင်တော်ဖွင့် ဆေးသင်္ကန်းတော် ဆက်ကပ်လှူဒါန်းပူဇော်ခြင်းအစုစု ရေစက်ချ အလှူတော်မင်္ဂလာအခမ်းအနားကိုယနေ့နံနက်ပိုင်းကအဆိုပါ “မြို့ဝန်ကြီးစေတီတော်မြတ်"ရင်ပြင်တော်၌ကျင်းပပြုလုပ်ရာ ရှေးဦးစွာပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်  စေတီတော်မြတ်ကြီးအားဆွမ်းသပိတ်၊ပန်း၊ရေချမ်း၊ဆီမီး၊အမွှေးနံ့သာများဖြင့်ဆက်ကပ်လှူဒါန်းပူဇော်ကြသည်။

ထို့နောက် မြို့ဝန်ကြီးစေတီတော်မြတ် ဗုဒ္ဓါဘိသေကအနောကဇာတင်နှင့် ရောင်တော်ဖွင့်ဘက်စုံ မွမ်းမံခြင်းကုသိုလ်တော်အစုစုအတွက် ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားကိုကြွရောက်တော်မူလာကြကုန်‌ သောဆရာ‌တော်သံဃာတော်များနှင့်ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ  သုံးကြိမ်ရွတ်ဆိုဘုရားရှိခိုးကန်တော့ပြီးမော်လမြိုင်မြို့ မြစေတီရဲကျောင်းပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယက ဝိနယပါဠိပါရဂူအဂ္ဂမဟာပဏ္ဍိတ၊  ဘဒ္ဒန္တဝိမလဗုဒ္ဓိ အမှူးပြုသော ဆရာတော်၊ သံဃာတော် အရှင်သူမြတ်အပေါင်း တို့မှ မြို့ဝန်ကြီး စေတီတော်မြတ်အား ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာ ပြုလုပ် ပူဇော်ကြကာ မြ‌စေတီရဲကျောင်း ဆရာတော်ကြီးထံမှ သီလတော်မြတ် ခံယူ‌ ဆောက်တည်ကြပြီးဆရာတော်ကြီးများ၏ အန္တရာယ်ကင်း ပရိတ်တရားတော် ရွတ်ပွား သရဇ္ဈာယ်ချီးမြှင့်မှုကိုနာယူကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊အလှူရှင်တို့ကဆရာတော်ကြီးများထံလှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ မြစေတီရဲကျောင်း ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယက ဝိနယပါဠိပါရဂူအဂ္ဂမဟာပဏ္ဍိတ၊  ဘဒ္ဒန္တဝိမလဗုဒ္ဓိဆရာတော်ကြီးထံမှ ရေစက်ချ အနုမောဒနာတရား နာယူကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းပြီး  အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်းသိရသည်။


မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)