MNP ၊ ဖေဖော်ဝါရီ ၇
ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ် ဦးဟန်ဝင်းနိုင်သည် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအစိုးရအဖွဲ့၊ အုပ်ချုပ်ရေးဝန်ကြီး (Chief Secretary for Administration) Mr. Eric Chan Kwok-ki အား ၆-၂-၂၀၂၄ ရက်၊ ၁၅ ၀၀ နာရီအချိန်တွင် ဒေသအစိုးရအဖွဲ့ရုံး၌ သွားရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာကောင်စစ်ဝန်ချုပ်မှ မြန်မာနိုင်ငံနှင့် ဟောင်ကောင်ဒေသအကြား နှစ်ဖက် ဆက်ဆံရေး အခြေအနေများ၊ မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ရာ၊ အုပ်ချုပ်ရေးဝန်ကြီးမှလည်း ဟောင်ကောင်ဒေသ၏ လက်ရှိအခြေအနေများ၊ နှစ်ဖက် ဆက်ဆံရေးတိုးတက်စေရန် ဆောင်ရွက်နိုင်မည့် အလားအလာများကို ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment