MNP ၊ ဖေဖော်ဝါရီ ၁၈
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ သာယာကုန်းအုပ်စု၊ ကွင်းအမှတ်(၆၇)၊မိုးညို - မင်းလှ ကားလမ်းမိုင်တိုင်အမှတ် (၁၆/၂) နှင့် (၁၆/၃) ကြားရှိ ဦးသက်နိုင်ထွန်း၏ ငါးမွေးကန်သို့ ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲ အချိန်က ရောက်ရှိလာရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ကြိုဆိုခဲ့ကြပြီး ငါးမြစ်ခြင်း၊ ငါးကြင်းရွှေဝါ၊ ငါးခေါင်းပွ၊ ငါးမုတ် စသည့် ငါးကောင်ရေ (၂၈၀၀၀၀)ခန့် မွေးမြူထားသည့် ငါးမွေးကန်နှင့် နွေစပါး (၅)ဧက စိုက်ပျိုးထားရှိမှုအား ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပေါက်ကုန်း အုပ်စု၊ ဗောဓိကုန်းကျေးရွာ၊ ကွင်းအမှတ်(၅၇)ရှိ တောင်သူ ဦးဝင်းလှိုင် အပါအဝင် တောင်သူ (၂၀) ဦး၏ ဖူးစားပြောင်းနှင့် ငရုပ် အောင်မြင် ဖြစ်ထွန်းစွာ စိုက်ပျိုးထားရှိမှုများအား လိုက်လံကြည့်ရှုပြီး တောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ စိုက်ပျိုးရေး လုပ်ကိုင်ဆောင်ရွက်နေမှု အခြေအနေများကို မေးမြန်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး သီးနှံများ အထွက်နှုန်း ကောင်းမွန်စေရေးအတွက် သွင်းအားစုများ ဖြစ်သည့် မှိုသတ်ဆေးနှင့် ပိုးသတ်ဆေးများကို တောင်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ ထိန်တောအုပ်စု၊ ထိန်တောကျေးရွာသို့ ရောက်ရှိပြီး ထိန်တောဈေး အဆင့်မြှင့်တင်ခြင်းလုပ်ငန်း မြေနေရာပြုပြင်ဆောင်ရွက်နေမှုအား ကြည့်ရှု၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment