သရက်မြို့၌ လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

သရက်မြို့၌ လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

 



MNP  ၊ ဖေဖဝါရီ  ၅

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံး အစည်းအဝေးခန်း၌ ကျင်းပခဲ့သည်။

အဆိုပါလုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးကြည်ဝင်းက လေပြင်းဘေးကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပေးခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြထွေးက လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းဆိုင်ရာများနှင့် ဆောင်ရွက်ရမည့်နေအိမ်များရွေးချယ်ရာတွင် အမှီအခိုကင်းမဲ့သည့်အသက်ကြီးသူများနှင့် အမျိုးသမီးများဦးဆောင်သည့်နေအိမ်များ စသည်တို့ကိုဦးစားပေး၍ သက်ဆိုင်သည့်ကျေးရွာမှ အဖွဲ့စနစ်ဖြင့် ရွေးချယ်၍ ဆောင်ရွက်ရတာဖြစ်ကြောင်း ပြောကြားပေးခဲ့သည်။

ထို့နောက် လေပြင်းဒဏ် ပိုမိုခံနိုင်ရည်အိုးအိမ်များဖြစ်စေရေး အားဖြည့်မွမ်းမံပြင်ခြင်းလုပ်ငန်းများအတွက် ရွှေဟင်္သာကျွန်း(၆၇)အိမ်၊ ညောင်ပင်သာကျေးရွာ (၃၃)အိမ်တို့အတွက် စုစုပေါင်း နေအိမ်အလုံး(၁၀၀)အတွက် နေအိမ်(၁)လုံးလျှင် (၄)သောင်းကျပ်နှုန်းဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန  ခရိုင်ဦးစီးမှူးတို့က ကျေးရွာအုပ်ချုပ်ရေးမှူးထံ ပေးအပ်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)