ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း ဒလသင်္ဘောကျင်း ကို သွားရောက်စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း ဒလသင်္ဘောကျင်း ကို သွားရောက်စစ်ဆေး


MNP ၊ ဖေဖော်ဝါရီ ၇

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး ဒလသင်္ဘောကျင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက မှာကြားချက်များ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု၊ ဒလသင်္ဘောကျင်း၌ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက လုပ်ငန်းများဆောင်ရွက်ရာတွင် အမှန်တကယ် ဆောင်ရွက်နိုင်သည့်လုပ်ငန်းများကို ဘဏ္ဍာရေးနှစ်အလိုက် စီမံချက်များချမှတ်ပြီး လျာထားအကောင်အထည်ဖော်ဆောင်ရွက်ရန်၊ လုပ်ငန်းများလျာထားချက်အတိုင်း အချိန်မီ ဆောင်ရွက်ပြီးစီးနိုင်ရေး အလေးထားဆောင်ရွက်သွားရန်၊  နိုင်ငံတော်ပိုင်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှု မရှိစေရေး ဝန်ထမ်းများအားလုံး ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းစေရေး အလေးထားဂရုပြုဆောင်ရွက်ရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေး အစီအမံများကို စီမံချက်များရေးဆွဲပြီး ဇာတ်တိုက်လေ့ကျင့်မှုအပါအဝင် စနစ်တကျဆောင်ရွက်ကြရန် မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ဒလသင်္ဘောကျင်း၌ ရေယာဉ်ပြင်ဆင်နေမှုအခြေအနေ၊ စက်ရုံ၊ အလုပ်ရုံများနှင့် လွန်းလမ်းများ အခြေအနေ၊ သမိုင်းဝင်ရှေးဟောင်းအဆောက်အအုံ ပြင်ဆင်နေမှုနှင့် သင်္ဘောကျင်းပစ္စည်းစတိုအတွင်းရှိ ပစ္စည်းများ သတ်မှတ်ချက်နှင့်အညီ စနစ်တကျထားသို မှု ရှိ/မရှိ တို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)