တာလေမြို့၊ အခြေခံပညာအလယ်တန်းကျောင်း(ပါလိုင်)၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာလေမြို့၊ အခြေခံပညာအလယ်တန်းကျောင်း(ပါလိုင်)၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ကျင်းပ



MNP ၊ ဖေဖော်ဝါရီ  ၇

မ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ပညာရေးဌာနနှင့်ပူးပေါင်း၍ ယမန်နေ့ နံနက် ၉ နာရီက အခြေခံ ပညာအလယ်တန်း(ပါလိုင်)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဉီးစွာ အခြေခံပညာအလယ်တန်းကျောင်း(ပါလိုင်)မှ ကျောင်းအုပ်ဆရာကြီး ဉီးသက်နိုင်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ဉီးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းက “ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ”ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံသူ့ကျွန်ဘဝကျရောက်ခဲ့ရပုံ၊ လွတ်လပ်ရေးရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ရပုံ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အခိုင်အမာမတည်ဆောင်နိုင်ဘဲ လွတ်လပ်ရေးရရှိရန်မလွယ်ကူပုံ၊ ဗိုလ်ချုပ်အောင်ဆန်း၏ တိုင်းပြည်တစ်မျက်နှာကိုသာကြည့်ပြီး ဝါးအစည်းပြေသကဲ့သို့ ဖရိုဖရဲဖြစ်နေသည့် တိုင်းပြည်ကို အစိုးရတစ်ခုတည်း၏ အုပ်ချုပ်မှုအောက်တွင် ရောက်ရှိအောင် ဆောင်ရွက်ခဲ့ရပုံနှင့် ဖေဖော်ဝါရီ(၁၂)မှအရင်းတည်ကာ စည်းလုံးညီညွတ်ခဲ့သည့် နိုင်ငံတော်ကြီးအတွက် အစဉ်အလာကောင်းများကို ရေရှည်ထိန်းသိမ်းရန် နိုင်ငံသားတိုင်းမှာ တာဝန်ရှိပုံတို့ကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနက ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)