Pages

Pages

ရွှေတောင်မြို့နယ်၊ အလက ခလရ-၁၄ ကျောင်း၌ အားကစားနှင့် ကာယပညာသိပ္ပံသင်တန်း တက်ရောက်နိုင်ရေး ဟောပြောဆွေးနွေး ဆောင်ရွက်

 




MNP ၊  ဖေဖော်ဝါရီ  ၁၉

 ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ    တာဝန်ရှိသူများသည် ယမန် နေ့ နံနက်ပိုင်းက အလက ခလရ-၁၄ ကျောင်း၌ အားကစားနှင့် ကာယပညာသိပ္ပံသင်တန်းသို့ တက်ရောက်နိုင်ရန်အတွက် သင်တန်းသားရရှိရေး ဟောပြော ဆွေးနွေးခဲ့သည်။

      ရှေးဦးစွာ  ကျောင်းအုပ်ဆရာမကြီး ဒေါ် ဆွေဆွေဝင်းက အမှာစကားပြောကြားခဲ့ပြီး ရွှေတောင်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်နုနုဖြိုးက အားကစားနည်းများအလိုက် လေ့ကျင့်ခြင်းမှသည် အောင်မြင်မှု ရရှိနိုင်ရန်၊ ရွက်ပုန်းသီး မျိုးဆက်သစ် လူငယ်လူရွယ်များ ထွက်ပေါ်လာစေရန် အားကစားမှ ပေးစွမ်းသည့် အကျိုးကျေးဇူးများကို ရရှိစေရန် နှင့် အားကစားနှင့် ကာယပညာသိပ္ပံသင်တန်းသို့  ‌တက် ရောက် ရွေးချယ်ခံနိုင်ရေးအခွင့်အလမ်းများကို အသေးစိတ်ရှင်းလင်း ဟောပြောခဲ့သည်။

      ထို့နောက် မြို့နယ်အားကစားမှူး ဒေါ်ခင်နုနုဖြိုးမှ ကျောင်းအတွက် အားကစားပစ္စည်းများ ထောက်ပံ့လှူဒါန်းခဲ့ရာ ကျောင်းအုပ်ဆရာမကြီး  ဒေါ်ဆွေဆွေဝင်းက လက်ခံရယူခဲ့ပြီး  အဆိုပါ ဟောပြောပွဲသို့ ဆရာ၊ဆရာမများနှင့် ကျောင်းသား ကျောင်းသူ (၇၄)ဦး တက်ရောက်ခဲ့ ကြောင်း သိရသည်။


https://t.me/MyanmarNationalPost                         

No comments:

Post a Comment