Pages

Pages

ရွှေတောင်မြို့နယ် Community Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူများအသင်း Book Club နှင့် Youth Club တို့ပူးပေါင်း၍ မုဒိတာစာဖတ်ဝိုင်း ကျင်းပ

  




MNP  ၊ ဖေဖော်ဝါရီ- ၁၉

ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း Book Club နှင့် Youth Club တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက စာရေးဆရာ(ကြို့ပင်ကောက်) မောင်ငြိမ်းသူ၏ " ပန်းလည်းလှစေ ပျားလည်းဝစေ" စာအုပ်   ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။

     အဆိုပါ စာဖတ်ဝိုင်းတွင် စာပေချစ်မြတ်နိုးသူများအသင်း Book Club နာယကဆရာကြီး       ဦးအုန်းမောင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်ငြိမ်းငြိမ်းသန့်က ရွှေတောင်မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် စာပေမှဗဟုသုတများရရှိစေရန်၊ တစ်ဦးနှင့်တစ်ဦး အတွေးအခေါ်အယူအဆများကို နှီးနှောဖလှယ်နိုင်ခြင်း၊ စာပေဖတ်ရှုသည့်အလေ့အကျင့်များရရှိစေခြင်း၊ စာပေဖတ်ရှုခြင်းမှ စာရေးသူများတိုးပွားလာစေရန်စသည့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

         ဆက်လက်၍စာပေချစ်မြတ်နိုးသူများအသင်း Book Club နာယက ဆရာကြီး ဦးအုန်းမောင်၊မောင်အေးငြိမ်း-သရက်က စာရေးဆရာ(ကြို့ပင်ကောက်) မောင်ငြိမ်းသူ၏ " ပန်းလည်းလှစေ ပျားလည်းဝစေ" စာအုပ်ပါ "စာဖတ်ခြင်းနှင့် ကြီးမြတ်သာလူမျိုး" အကြောင်းအရာများဖြင့်စတင်ဆွေးနွေးခဲ့ပြီး ဆရာကြီး ဦးချစ်မြင့် ရွှေနေဝဏ်က " အမှားကြာလျှင် အမှန်ထင် ပြန်ပြင်မရ လူ့ လောက" ခေါင်းစဉ် ဖြင့် လည်း ကောင်း၊ ဆရာမကြီး ဒေါ်မြတ်နွယ် (April Moon )က " စာဖတ်ရှိန်မြှင့်တင်ရေးကိုဟန့်တားနေကြတဲ့ ဖုန်းများရဲ့အန္တရာယ် "ခေါင်းစဉ်ပါ အကြောင်းအရာများကိုလည်းကောင်း ဆွေးနွေးခဲ့ကြပြီးတက်ရောက်လာကြသည့် စာပေချစ်သူများက သက်ဆိုင်ရာ ခေါင်းစဉ်ကဏ္ဍများအလိုက် အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ ထို့နောက် မြို့နယ်ဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းသန့် က ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး အဆိုပါ စာဖတ်ဝိုင်းများကို လစဉ်ပုံမှန်ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost


No comments:

Post a Comment