MNP ၊ ဖေဖော်ဝါရီ ၂
မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြိမ်းသတ်ရေးလုပ်ငန်းများ၌ စွမ်းရည်ပြည့်ဝစေရေးအတွက် လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ( ၁/၂၀၂၄ ) ဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်က ပေါင်မြို့နယ် မုတ္တမကျေးရွာ မဂဒူး ခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးကျော်နိုင်ဦး က သင်တန်းပြုလုပ်ပေးရသည့်ရည်ရွယ်ချက်နှင့် စွမ်းရည်ပြည့်ဝစွာဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ရှင်းလင်းအမှာစကားပြောကြားပြီး
သင်တန်းသားအရန်မီးသတ်တပ်ဖွဲ့ဝင်များထံ တူညီဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့သည်။ဆက်လက်၍ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးလှိုင် က သင်းတန်းဆင်းလက်မှတ်ပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းကို မုတ္တမကျေးရွာ မဂဒူးခန်းမ၌ ဇန်နဝါရီ (၈) ရက်နေ့မှ ဖေဖော်ဝါရီ (၂) ရက်နေ့အထိ လေးပတ်ကြာ ဖွင့်လှစ်ခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးမြတ်ကိုကို ဦးဆောင်သည့် နည်းပြများက ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြိမ်းသတ်ရေးဆိုင်ရာ ဘာသာရပ်များကို ပေါင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာတို့မှ သင်တန်းသား အရန်မီးသတ်တပ်ဖွဲ့ဝင် ( ၅၀ ) ဦး တို့အား စာတွေ့လက်တွေ့ လေ့ကျင့် သင်ကြားပေးခဲ့ကြောင်း သိရသည်။
မွန်မလေး
https://t.me/MyanmarNationalPost
No comments:
Post a Comment