MNP ၊ ဖေဖော်ဝါရီ -၂
ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ၊ပြည်ခရိုင်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီပါဌာနဆိုင်ရာအကြီးအကဲများသည် ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ၊ ရွှေတောင်မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ ရွှေတောင်မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီပါ ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါ၍ ယမန်နေ့ နေ့လယ်ပိုင်းက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအားကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါ စစ်ဆေးရာတွင် ရွှေတောင်မြို့နယ် ၊ ကြာနီကန်ရပ်ကွက် အခြေခံပညာနှင့် စက်မှု ၊စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းကျောင်းဝန်းအတွင်းရှိ စက်မှု ၊စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်း ကျောင်းတွင် နှစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်ပြီးစီးမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးပြီးတာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များအပေါ် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ရွှေတောင်မြို့နယ် ၊ မင်းကွန်းကျေးရွာ အုပ်စု၊ ကွင်းအမှတ် ( ၄၈၆) ၊အိုးထိမ်းကုန်းကွင်းအတွင်းရှိတောင်သူ ဦးမျိုးမင်းသိန်း၏နွေစပါး ( ထိုင်းကောက်နှံ၊ဗီယက်နမ်ရက်- ၉၀) ဧက ( ၄၀) စာ ပျိုးဗန်းဖြင့် ပျိုးထောင်ထားရှိမှုအခြေအနေများ၊ ရွှေတောင်မြို့နယ် ကြို့ကုန်းကျေးရွာအုပ်စု၊ ကွင်းအမှတ် ( ၄၂၀A၊ ၄၂၀B) အင်ကြင်းစင်ကွင်းအတွင်းရှိ ဧက ( ၁၀၀) စံပြကွက်၌ နွေစပါးစိုက်ပျိုးထားရှိမှုအခြေအနေများ၊ရွှေတောင်မြို့နယ်၊ နွားမယံကျေးရွာအုပ်စု ကွင်းအမှတ် ( ၄၀၈) ရွာဟောင်းကွင်းရှိ တောင်သူ ဦးကျော်ဇောဦး၏ လယ်မြေ( ၈) ဧကတွင် နွေစပါး ( ဆာဖိုးသာ) မျိုးများ လက်ဆွဲကောက်စိုက်စက် ကိရိယာဖြင့် စိုက်ပျိုးထားရှိမှုအခြေအနေများအား ကြည့်ရှုခဲ့ပြီး ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေးအတွက် သွင်းအားစုနှင့် စိုက်ပျိုးနည်း စနစ်မှန်ကန်စေရေးများကို ဆွေးနွေးမှာကြားခဲ့ကြောင်းသိရသည်။
ကိုကိုမင်း ( ပြန် / ဆက်)
https://t.me/MyanmarNationalPost
No comments:
Post a Comment