ရွှေတောင်မြို့နယ်တွင် ဌာနဆိုင်ရာအကြီးအကဲများ ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်စာရေးဝန်ထမ်းများလစဥ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် ဌာနဆိုင်ရာအကြီးအကဲများ ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်စာရေးဝန်ထမ်းများလစဥ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ





MNP  ၊ ဖေဖော်ဝါရီ -၂

ပဲခူး တိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင်အစည်းအဝေးခန်းမတွင် မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်စာရေးဝန်ထမ်းများလစဥ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
       အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဟံဝင်းအောင်က မြို့နယ်အတွင်း နွေစပါးစိုက်ဧကများ လျာထားဧကပြည့်မီကျော်လွန်စွာ စိုက်ပျိုးနိုင်ရေး ၊ အထွက်ကောင်းသက်တမ်းတိုမျိုးများ စိုက်ပျိုး နိုင်ရေး၊သွင်းအားစုနှင့် စိုက်ပျိုးရေလုံလောက်စွာရရှိနိုင်ရေး၊ ရေရရှိမှုအပေါ်မူတည်၍ လေလွင့်မှုမရှိစေဘဲ သတ်မှတ်ကာလအတွင်း ဧကပြည့်စိုက်ပျိုးနိုင်ရေး၊ ဆောင်းသီးနှံ စိုက်ဧကများအား ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေးနှင့် လျာထားဧက ပြည့်မီကျော်လွန်စွာ စိုက်ပျိုးနိုင်ရေးကိစ္စရပ်များ၊ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ၊ တည်ဆောက် ရေးလုပ်ငန်းများ ဘဏ္ဍာရေးနှစ်အတွင်း အပြီးသတ် ဆောင်ရွက်နိုင်ရေး၊ ဒေသအတွင်းပညာရေး၊ကျန်းမာရေးကိစ္စရပ်များအပြင် ကောလဟလသတင်းများ၊မီဒီယာတွင်ဖော်ပြမှုအားသတင်းမှန် ထုတ်ပြန်ရေးဖြင့် ချေဖျက်သွားရန်စသည့်တို့အား အကျယ်တဝင့် ဆွေးနွေးမှာကြားပြီး ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှလုံခြုံရေးနှင့် အခြားလိုအပ်သည်များ ကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများမှသက်ဆိုင်ရာဌာနအလိုက် အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းကိစ္စရပ်များကိုရှင်းလင်းတင်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဟံဝင်းအောင်မှ လုပ်ငန်းလိုအပ်ချက်များအပေါ်သက်ဆိုင်ရာဌာနများအလိုက် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်းသိရသည်။

ကိုကိုမင်း ( ပြန် / ဆက်)
https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)