MNP ၊ ဖေဖော်ဝါရီ-၂
မျိုးဆက်သစ်လူငယ်များ အသိပညာဗဟုသုတကြွယ်ဝပြီး ဗလငါးတန်နှင့် ပြည့်စုံစေရန်ရည်ရွယ်၍
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း ကို ဖေဖော်ဝါရီ -၁ ရက် နေ့လယ်ပိုင်းက ရွှေတောင်မြို့နယ်၊ အလက ရေနံမြေ ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ရွှေတောင်မြို့နယ်၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးရာဇာလင်း နှင့် လက်ထောက်မြို့နယ်ပညာရေးမှူး ဦးကိုကိုဦးတို့က အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က အသိပညာဗဟုသုတများ တိုးပွားစေရန်၊ လူငယ်များ ဗလငါးတန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက် စေရန် ရည်ရွယ်ချက်များဖြင့် လူငယ်စကားဝိုင်းကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သူဇာစိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်နွေးဒါလီနိုင်
ဦးဆောင် ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး အလက၊ ရေနံ မြေကျောင်းမှ မဆောင်းသဇင်ဖြူက လူငယ်နှင့် ပညာရေး၊ မခင် သော်ဇင်လတ်ကလူငယ်နှင့် ကျန်းမာရေး၊ မောင်ဘုန်းမြင့်ဦးက လူငယ်နှင့် အားကစား၊ မဆုအိန္ဒြေ အောင်က လူငယ်နှင့် ပရဟိတစိတ်ဓာတ်နှင့် မောင်ခန့်ကိုကိုက လူငယ်နှင့်အလှအပ စသည့်ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးကြရာ တက်ရောက်လာသူကျောင်းသား၊ကျောင်းသူများက ကဏ္ဍအလိုက်သိရှိလိုသည်များအားမေးမြန်းကြရာ ဦးဆောင်ဆွေးနွေးကြသူများကပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် အမှတ်တရလက်ဆောင်များ ပေးအပ်ပြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့်စာအုပ်ပြပွဲများကို တက်ရောက် လာကြသောကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)
https://t.me/MyanmarNationalPost
No comments:
Post a Comment