တာမွေမြို့နယ်အတွင်းရှိ စည်ပင်သာယာစျေးများတွင် စျေးရောင်း/စျေးဝယ်များဖြင့်စည်ကားလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်အတွင်းရှိ စည်ပင်သာယာစျေးများတွင် စျေးရောင်း/စျေးဝယ်များဖြင့်စည်ကားလျက်ရှိ

 




MNP  ၊  ဖေဖော်ဝါရီ     ၁

အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH ၊ NUG နှင့် ယင်းတို့လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ Facebook Pageများမှ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုအား ကြောက်ရွံ့ထိတ်လန့်မှု ဖြစ်ပေါ်စေရန် ရည်ရွယ်၍ ၂၀၂၄-ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့ နံနက်(၁၀)နာရီ ညနေ(၄)နာရီအထိ အသံတိတ်သပိတ် (Slience Strike)ပြုလုပ်ရန် လှုံ့ဆော်မှုများ ရှိသော်လည်း ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ စည်ပင်သာယာစျေးများတွင် ယနေ့ နံနက်ပိုင်းအချိန်မှ စတင်ကာ စျေးရောင်းစျေးဝယ်များ စိတ်အေးချမ်းသာစွာဖြင့် ရောင်းဝယ်ဖောက်ကားလျက်ရှိပြီး စျေးများအတွင်း အထူးပင်စည်ကားလျက်ရှိကြောင်း သိရသည်။

“ အရင်ကလည်း ဒီလိုပဲ အသံတိတ်သပိတ် (Slience Strike) လုပ်တိုင်း ဆိုင်တွေပိတ်ပေးပါ လို့ပြောတယ်။ အဲဒီတုန်းကတော့ သူတို့က ကိုယ်တွေဆိုင်ဖွင့်ရင် ဓာတ်ပုံရိုက်ပြီး လူမှုကွန်ရက် စာမျက်နှာမှာ တင်လိုက်မှာ စိုးရိမ်လို့ ကြောက်ကြောက်နဲ့ ပိတ်ခဲ့ရပါတယ်။ သူတို့က ပိတ်ခိုင်းပေမဲ့ ကိုယ့်မိသားစုရဲ့ တစ်နေ့တာ ဝမ်းရေးအတွက် ကိုယ်ရှာမှ ကိုယ်စားရမှာလေ။ အဲဒီအတွက် ဒီနေ့တော့ ကိုယ့်ပုံမှန်အချိန်အတိုင်း ဆိုင်ဖွင့်လှစ်ဖြစ်တာပါ ” ဟု ဟင်းသီးဟင်းရွက် ရောင်းချသူတစ်ဦးက ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်(တာမွေ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)