၂၀၂၃ ခုနှစ် မိုးစပါး တစ်ဧက တင်း ၁၃၀ ထွက်ရှိခဲ့မှုအတွေ့အကြုံများ ရှင်းလင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၃ ခုနှစ် မိုးစပါး တစ်ဧက တင်း ၁၃၀ ထွက်ရှိခဲ့မှုအတွေ့အကြုံများ ရှင်းလင်းဆွေးနွေး



MNP ၊ ဖေဖော်ဝါရီ ၄

(၂၄) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲကို ယမန်နေ့က စိုက်ပျိုးရေး သုတေသနဦးစီးဌာန၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သုတေသီပညာရှင်များ၊ စိုက်ပျိုးရေးတက္ကသိုလ် ဆရာ/ဆရာမများ၊ ဒက္ခိဏသီရိမြို့နယ်မှ တောင်သူလယ်သမားများ တက်ရောက်ဆွေးနွေးကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကိုယ်စားလှယ်များက အွန်လိုင်းဖြင့် တက်ရောက်သည်။


ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက တောင်သူနှင့်ပညာရှင်များသည် ဆရာတပည့်မဟုတ်ဘဲ လုပ်ဖော်ကိုင်ဖက်များအဖြစ် ပူးပေါင်းလက်တွဲ ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ယနေ့အချိန်တွင် လယ်ယာကဏ္ဍကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာစေရန် လယ်ယာကဏ္ဍကို အသွင်ကူးပြောင်းဆောင်ရွက်ရေးသည် ပဓာနကျကြောင်း၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဆက်စပ်သည့် ကဏ္ဍပေါင်းစုံမှ ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း၊ တောင်သူကြီးများသည် မိမိတို့ စိုက်ခင်းများကို ဂရုတစိုက်စောင့်ရှောက်မှသာ ပန်းတိုင်အထွက်နှုန်း ရှိနိုင်မည်ဖြစ်ပြီး တောင်သူများ၏ အကျိုးစီးပွားဖြစ်ထွန်းမှုနှင့်အတူ လူမှုစီးပွားဘဝများလည်း တိုးတက်လာကြမည်ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် ဒက္ခိဏသီရိမြို့နယ် ထန်းတပင်ကျေးရွာမှ တောင်သူဦးမောင်လွင်က စူပါနှံကောက်စပါးကို ပျိုးထောင်စိုက်ပျိုးပြီး တစ်ဧကလျှင်တင်း ၁၃၀ ထွက်ရှိမှု အတွေ့အကြုံများနှင့် ပတ်သက်၍လည်းကောင်း၊ တောင်သူ ဦးစန်းဝင်းက အစေ့ချစိုက်ပျိုးခြင်းနှင့်ပတ်သက်၍ လည်းကောင်း၊ တောင်သူ ဦးဝင်းလှိုင်က ကြဲပက်စိုက်ပျိုးခြင်းနှင့် ပတ်သက်၍ အားနည်းချက်အားသာချက် အတွေ့အကြုံများကိုလည်းကောင်း မျှဝေဆွေးနွေးကြသည်။


ဆက်လက်၍ ဒက္ခိဏသီရိမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးမြင့်နိုင်က စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု အခြေအနေများနှင့် ပတ်သက်၍ တင်ပြဆွေးနွေးရာ ဒုတိယဝန်ကြီးက လိုအပ်ချက်များ ဖြည့်စွက်ဆွေးနွေးသည်။


ယင်းနောက် ဒုတိယဝန်ကြီး သည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန စိုက်ပျိုးရေးအဏုဇီဝ ဓာတ်ခွဲခန်းနှင့် အပင်ရောဂါသုတေသန ဓာတ်ခွဲခန်းများ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် အဏုဇီဝဓာတ်ခွဲခန်းများတွင် ရိုင်ဇိုဘီယမ်ပဲမြစ်ဖုမြေဩဇာမွေးမြူထုတ်လုပ်ရေးနှင့် သဘာဝမြေဩဇာပြုလုပ်ရာတွင် ဆွေးမြည့်မှုကို ဖြစ်ပေါ်စေသည့် ထရိုင်ခိုဒါးမားမှို မွေးမြူရေးလုပ်ငန်း၊ မွေးမြူရေးပညာဌာန ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ ထုတ်လုပ်သည့် အစာတောင့်လုပ်ငန်း သုတေသနဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)