MNP ၊ ဖေဖော်ဝါရီ ၈
မွန်ပြည်နယ် ၊ဘီးလင်းမြို့နယ်တွင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မြို့နယ် လူထု အခြေပြုဗဟိုဌာန Community Centre ခန်းမ တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အကြို အသိပညာပေး ဟောပြောပွဲ၊ပြပွဲ ၊ ပြိုင်ပွဲ များကို ယနေ့မွန်းလွဲ ၁ နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံ က
ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း နှင့် ပြည်ထောင်စုစိတ်ဓာတ် ထားရှိမွေးမြူရေးတို့ကို အသိပညာပေးဟောပြောပြီး ပုံပြော၊ကဗျာ၊ပန်းချီ စာဖတ်စွမ်းရည် ပြိုင်ပွဲများကို ပြုလုပ်၍ ပြိုင်ပွဲဝင် ကျောင်းသား၊ကျောင်းသူများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှခင်းကျင်းပြသထားသောပြည်ထောင်စု နေ့နှင့် ပတ်သက်သည့် နံရံကပ်စာစောင် များ၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ် စာစောင်များ၊ ကလေးသူငယ် စစ်မှုထမ်းခြင်းမှ ကာကွယ်ရေး၊ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များနှင့် သုတ၊ရသစာအုပ် များကို ခင်းကျင်းပြသထားရာ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စား စွာ လေ့လာ ကြည့်ရှု့ကြကြောင်း သိရသည်။
ထူးနောင်
https://t.me/MyanmarNationalPost


No comments:
Post a Comment