Pages

Pages

ဂွမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းဟောင်းများ ပင်စင်ထုတ်ယူရက်တွင်အဟာရဒါနများ ထောက်ပံ့ပေးအပ်

 




MNP ၊  ဖေဖော်ဝါရီ    ၂၃

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ဂွမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းဟောင်းများ ပင်စင်ထုတ် ယူသည့်‌နေ့တွင် အဟာရဒါနများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက  မြို့နယ်စီးပွားရေးဘဏ် ရုံးဝင်းအတွင်း၌ ဆောင်ရွက်ခဲ့ကြသည်။

   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ အရာထမ်း၊ အမှုထမ်းများက ဌာနဆိုင်ရာအသီးသီးတွင် နိုင်ငံ့တာဝန်များကို ကျေပွန်စွာထမ်းဆောင်၍ ပင်စင်အမျိုးမျိုးဖြင့် ပင်စင်ထုတ်ယူရန်လာရောက်ကြသည့် နိုင်ငံ့ဝန်ထမ်းဟောင်းများ၊ ပင်စင်ထုတ်ယူရန် စောင့်ဆိုင်းနေကြသူ အဘိုးအဘွားများအား အဟာရဒါနအဖြစ် ကွေကာအုပ်နှင့် ကြက်ဥများကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment