Pages

Pages

ဂွမြို့နယ်၌ Grade-5နှင့် Grade-9 အတန်းဆုံးစာမေးပွဲကို ဒုတိယနေ့အဖြစ်ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆို





MNP ၊ ဖေဖော်ဝါရီ    ၂၃


ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၌၂၀၂၃-၂၀၂၄ပညာ 

သင်နှစ်အတွက်Grade-5၊ Grade-9အတန်းဆုံးစာမေးပွဲအား သက်ဆိုင်ရာစာစစ်ဌာန ကျောင်းများအလိုက်ကျင်းပပြုလုပ်လျက်ရှိရာ

ယနေ့နံနက်ပိုင်းတွင် ဒုတိယနေ့အဖြစ် ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာဖြင့် ဖြေဆိုလျက်ရှိကြသည်။

ဂွမြို့နယ်အတွင်းတွင်ဖေဖေါ်ဝါရီ ၂၃ ရက်နေ့၌ အင်္ဂလိပ်စာဘာသာရပ်ကို Grade-5 စာစစ်ဌာန(၇၆)ခုတွင်  ဖြေဆိုသူ ၉၂.၄၆%နှင့် ပျက်ကွက်သူ ၇.၅၄% ရှိပြီး Grade -9 စာစစ်ဌာန(၃၄)ခုတွင် ဖြေဆိုသူ၉၅.၆၉%နှင့် ပျက်ကွက်သူ ၄.၃၁% ရှိကြောင်းသိရသည်။ 

အဆိုပါ စာမေးပွဲကိုကျောင်းသားကျောင်းသူ

များ အေးချမ်းစွာဖြေဆိုနိုင်ရန် မြို့ပေါ်ရပ်ကွက်ရှိ စာစစ်ဌာနကြီးကြပ်ရေး အဖွဲ့များနှင့် သက်ဆိုင်ရာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး ၊ဆရာမကြီးများ ၊တာဝန်ကျဆရာဆရာမများက အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment