MNP ၊ ဖေဖဝါရီ ၅
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူများဖြင့် ပုံပြောပြိုင်ပွဲပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်သင်းသင်းဝေ (ဒုတိယဦးစီးမှူး) က စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စကားပြောနိုင်မှု စွမ်းဆောင်ရည်မြင့်မားစေရန်၊ စိတ်လက်ပျော်ရွင်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပရခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပုံပြောပြိုင်ပွဲကျင်းပရာ မူလတန်းဆင့် ကျောင်းသား/ကျောင်းသူများမှ မိမိတို့ကြိက်နှစ်သက်သည့် ပုံပြင်ခေါင်းစဉ်များဖြင့် အသီးသီးဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်သင်းသင်းဝေ (ဒုတိယဦးစီးမှူးး) တာဝန်ရှိသူတို့က ဆုများ အသီးသီးချီးမြှင့်ပေးသည်။
အဆိုပါ ပုံပြောပြိုင်ပွဲသို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ဆရာမများ၊ မူလတန်းဆင့် ကျောင်းသား/ကျောင်းသူများ၊ ကျောင်းသားမိဘများ စုစုပေါင်း (၃၅) ဦးတက်ရောက် ခဲ့သည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment