MNP ၊ ဖေဖော်ဝါရီ ၂၇
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၌၂၀၂၃-၂၀၂၄ပညာ
သင်နှစ်အတွက်Grade-5၊ Grade-9အတန်းဆုံးစာမေးပွဲအား သက်ဆိုင်ရာစာစစ်ဌာန ကျောင်းများအလိုက်ကျင်းပပြုလုပ်လျက်ရှိရာ
ယနေ့နံနက်ပိုင်းတွင် ပဥ္စမနေ့အဖြစ် ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာဖြင့် ဖြေဆိုလျက်ရှိကြသည်။
ဂွမြို့နယ်အတွင်းတွင်ဖေဖေါ်ဝါရီ ၂၆ ရက်နေ့၌ Grade-5 စာစစ်ဌာန(၇၆)ခုတွင်လူမှုရေးဘာသာရပ်ကို စာရင်းရှိ-၉၈၂ဦး၊ ဖြေဆိုသူ ၉၀၈ဦးနှင့် ပျက်ကွက်သူ ၇၄ဦးရှိပြီး Grade -9 စာစစ်ဌာန(၃၄)ခုတွင် သမိုင်းဘာသာရပ်ကို စာရင်းရှိ-၆၂၇ဦး၊ ဖြေဆိုသူ ၆၀၀ဦးနှင့် ပျက်ကွက်သူ ၂၇ဦး ရှိကြောင်းသိရသည်။
အဆိုပါ စာမေးပွဲကိုကျောင်းသားကျောင်းသူ
များ အေးချမ်းစွာဖြေဆိုနိုင်ရန် မြို့ပေါ်ရပ်ကွက်ရှိ စာစစ်ဌာနကြီးကြပ်ရေး အဖွဲ့များနှင့် သက်ဆိုင်ရာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး ၊ဆရာမကြီးများ ၊တာဝန်ကျဆရာဆရာမများက အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment