အရာတော်၊ ဖေဖော်ဝါရီ ၂၈
အရာတော်မြို့နယ်အတွင်း ယမန်နေ့က ကား(၃)စီးဖြင့် အခြားနယ်မှ PDF အကြမ်းဖက်သမား ၁၀၀ ကျော် ထပ်မံရောက်ရှိလာပြီး မကျဉ်းကန်ကျေးရွာမှ ရွာသားများက အကြမ်းဖက်သမားများအား ကျွေးမွေးဧည့်ခံပေးရကြောင်း သိရသည်။
ဒေသခံက "ကား ၃စီးနဲ့ PDF အကြမ်းဖက်သမား (၁၀၀)ကျော်လောက် ထပ်ရောက်လာတယ်ဗျ။ နောင်ကြီးအိုင်ရွာမှာ မထားဘဲနဲ့ မကျည်းကန်ရွာမှာ ထားတယ်။ ရွာသူရွာသားတွေက အဲဒီကောင်တွေကို ကျွေးမွေးဖို့ ထမင်းချိုင့်ပို့ပေးရတယ်။ အရာတော်ဘက်နေ ဝင်လာတာမဟုတ်ဘူး။ နောင်ကြီးအိုင်ဘက်ကနေပဲ ဝင်လာကြတာ။ အရာတော်နဲ့ နောင်ကြီးအိုင်ရွာကြား ကျတာပေါ့။ အရာတော်ကနေ နောင်ကြီးအိုင်ကို ၁၂မိုင်ကျော် ဝေးတယ်။ မကျည်းကန်ရွာက အရာတော်ကနေ ၆မိုင်ကျော်ပဲ ဝေးတယ်။ တခြားနယ်က PDF တွေ အရာတော်နယ်ထဲကို တော်တော်များများ ဝင်လာနေတယ်။" ဟု ပြောသည်။
အရာတော်မြို့နယ်အတွင်း PDF အကြမ်းဖက်အဖွဲ့ကို ဦးဆောင်နေသည့် ဝဏ္ဏဆိုသူမှာ ကရင်ဖြစ်ကြောင်း၊ အစိုးရဝန်ထမ်းမှ အလုပ်ပြုတ်ပြီး ဝက်လက်မှ အမျိုးသမီးတစ်ဦးနှင့် အိမ်ထောင်ကျကာ ဝက်လက်တွင် အခြေချနေထိုင်ခဲ့ကြောင်း၊ ထို့နောက် အလုပ်လက်မဲ့ဖြင့် အိမ်ထောင်ကွဲပြီး အရာတော်နယ်ဘက် ရောက်ရှိလာကာ ပရဟိတလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ရင်းမှ NLD အမတ်လောင်းအဖြစ် ဝင်ရောက်ဆောင်ရွက်ခဲ့သူ ဖြစ်ကြောင်း၊ အရာတော်မှ အမျိုးသမီးတစ်ဦးနှင့် ထပ်မံအိမ်ထောင်ကျခဲ့ပြီး NLD အစိုးရလက်ထက်တွင် တိုင်းအဆင့်ထိ ပေါက်ပေါက်ရောက်ရောက် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ တပ်တွင်းမှ အရာရှိများနှင့်လည်း အဆက်အသွယ် ရှိသူဖြစ်ကြောင်း၊ NLD လွှတ်တော်အမတ်ဟောင်း ဝဏ္ဏသည် ကရင်လူမျိုး ဘားအံဇာတိဖြစ်သော်လည်း သူ၏ ဇာတိရပ်ရွာကို မပြန်ဘဲ PDF အကြမ်းဖက်အဖွဲ့ကို ဦးဆောင်ကာ ဗမာလူငယ်များကို စတေး၍ ကိုယ်ကျိုးစီးပွားရှာနေသူဖြစ်ကြောင်း ဒေသခံက ဆက်သွယ်ပြောဆိုသည်။
NLD လွှတ်တော်အမတ်ဟောင်းများဖြစ်ကြသည့် ဝဏ္ဏ၊ ခင်မောင်လွင် တို့က ဒေသခံပြည်သူများအား PDF အကြမ်းဖက်အဖွဲ့အတွင်း အဓမ္မစည်းရုံးသိမ်းသွင်းပြီး အချို့သော လူငယ်များမှာ ကောလင်း၊ ရှမ်းမြောက်ဒေသတိုက်ပွဲများတွင် သေဆုံးခဲ့သလား၊ အသက်ရှင်လျက်ရှိနေသေးသလား မသိရဘဲ မိသားစုများက အဆက်အသွယ်မရသဖြင့် သေသည်ဟုယူ၍ ဆွမ်းသွပ်သည့်အခါတွင်လည်း ဝဏ္ဏ၊ ခင်မောင်လွင်တို့က လုပ်ခွင့်မပြုကြောင်း သိရသည်။
#News
No comments:
Post a Comment