မူဆယ်မြို့၌ ဘိုးဘွားရိပ်သာတည်ဆောက်ရေး အလှူငွေပေးအပ်ပွဲနှင့် ပန္နက်တင်အခမ်းအနား ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မူဆယ်မြို့၌ ဘိုးဘွားရိပ်သာတည်ဆောက်ရေး အလှူငွေပေးအပ်ပွဲနှင့် ပန္နက်တင်အခမ်းအနား ပြုလုပ်

 




MNP ၊မူဆယ် မတ် ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ လွယ်တိန်ခမ်းတောင်တော်၌ ဘိုးဘွားရိပ်သာဆောက်လုပ်ရန် မြေနေရာပန္နက်တင်ခြင်းနှင့် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက ပြုလုပ်သည်။

ရှေးဦးစွာ မူဆယ်မြို့၊ မြို့နယ်သံဃာနာယကအဖွဲ့ဥက္ကဋ္ဌ မဟာသဒ္ဓမဇောတိက ဓဇဘဒ္ဒန္တစန္ဒာဝရ အရှင်သူမြတ်ထံက ပရိပ်သတ်များက ငါးပါးသီလခံယူဆောက်တည်ခြင်း၊ သံဃာတော်အရှင်သူမြတ်တို့ထံက အန္တရာယ်ကင်းပရိတ်တရားတော်မြတ်များကို နာယူကြည်ညိုခြင်း၊ မင်္ဂလာပန္နက်တိုင်များအား ဆပ်ကပ်ခြင်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်သည်။

ထိုနောက် ဘိုဘွားရိပ်သာအဆာက်အဦ ဆောက်လုပ်နိုင်ရေးအတွက် မတည်အလှူတော်ငွေများ ပေးအပ်လှူဒါန်းရာ မူဆယ်ခရိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုး+ ဇနီး ဒေါ်မြင့်မြင့်စီ မိသားစုက ကျပ်သိန်း(၁၀၀)ကို မတည်ပေးအပ်လှူဒါန်းသည်။ ဆက်လက်ပြီး အလှူရှင်များက ဘိုးဘွားရိပ်သာ ဆောက်လုပ်နိုင်ရေးအတွက် လှူဒါန်းရာ ကျပ်(၁၈၂၁)သိန်း လက်ခံရရှိသည်။ ထို့ပြင် မိုးသောက်ပန်း ပညာရေးမိသားစု ကလေးများစောင့်ရှောက်ရေးဂေဟာ မြေနေရာ ဝယ်ယူရန်အတွက် အလှူရှင်များက အလှူငွေကျပ်(၅၂၅)သိန်း ကိုပေးအပ်လှူဒါန်းပြီး မိုးသောက်ပန်းမြေနေရာ ပိုင်ဆိုင်မှုစာရွက်စာတမ်းများကို သက်ဆိုင်ရာတာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်သည်။ ဆက်လက်ပြီး မေတ္တာတော်စံအိမ် မိဘမဲ့ဂေဟာ တည်တောက်နိုင်ရေးအတွက် အလှူငွေကျပ်(၄၄၅)သိန်းကို ပေးအပ်လှူဒါန်းပြီး   လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေသည်။

ဆက်လက်ပြီး ဘိုဘွားရိပ်သာတည်ဆောက်နိုင်ရေးအတွက် မင်္ဂလာတော်အချိန်၌ မင်္ဂလာပန္နက်တော်များကို ဆရာတော်အရှင်သူမြတ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပန္နက်ရိုက်နှိပ်ပြီး နံသာရေများဖြင့်ပတ်ဖြန်း၍ ဗုဒ္ဓသာသနံ စိရံတိဌတု(၃)ကြိမ် ရွတ်ဆိုဆုတောင်းပြီး အခမ်းအနား အောင်မြင်စွာပြီးမြောက်ကြောင်း သိရှိရပါသည်။  


ချယ်ရီမြေ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)