(၇၉)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားတွင်ပါဝင်ခဲ့သည့် စစ်ရေးပြ စစ်ကြောင်းများမှ အရာရှိ၊ စစ်သည်များအား ဂုဏ်ပြုဖျော်ဖြေပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၉)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားတွင်ပါဝင်ခဲ့သည့် စစ်ရေးပြ စစ်ကြောင်းများမှ အရာရှိ၊ စစ်သည်များအား ဂုဏ်ပြုဖျော်ဖြေပွဲကျင်းပ



နေပြည်တော်၊ မတ် ၂၈

(၇၉)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားတွင် ပါဝင်ချီတက် စစ်ရေးပြကြခဲ့ကြသည့် စစ်ကြောင်းများမှ အရာရှိ၊ စစ်သည်များအား ဂုဏ်ပြုဖျော်ဖြေပွဲကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ ကျင်းပပြုလုပ်သည်။

အဆိုပါ ဖျော်ဖြေပွဲတွင် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ နယ်လှည့် ပြည်သူ့ဆက်ဆံရေးတပ်ဖွဲ့နှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့မှ အနုပညာရှင်များ၊ နိုင်ငံကျော် အနုပညာရှင်များနှင့် တေးသံရှင်များက  ဇာတိမာန်နှင့်မျိုးချစ်စိတ်ကို တက်ကြွစေမည့် တေးသီချင်းများ၊ ငြိမ့်ညောင်းသာယာလှသည့် မြန်မာသံတေးသီချင်းများ၊ ခေတ်ပေါ်တေးသီချင်းများ၊ အကအလှများဖြင့်လည်းကောင်း၊ နိုင်ငံကျော် ဟာသပညာရှင်များက စိတ်ပျော်ရွှင်ချမ်းမြေ့စေမည့် ဟာသပျက်လုံးများဖြင့်လည်းကောင်း ဂုဏ်ပြုဖျော်ဖြေ တင်ဆက်ခဲ့ကြရာ စစ်ရေးပြ စစ်ကြောင်းများမှ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက စိတ်လက် ရွှင်လန်းပျော်ရွှင်စွာဖြင့် တစ်ခဲနက် ကြည့်ရှုအားပေးကြပြီး ဂုဏ်ပြုဖျော်ဖြေကြသည့် အနုပညာရှင်များနှင့်အတူ တစ်ပျော်တစ်ပါး ပါဝင်သီဆိုဆင်နွှဲကြသည်။

ထိုသို့ သီဆိုကပြဖျော်ဖြေနေမှုများကို စစ်ကြောင်းများမှ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့်အတူ တပ်မတော်အရာရှိကြီးများနှင့် အဖွဲ့ဝင်များကလည်း သွားရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း  သတင်းရရှိသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)