ကျိုက်လတ် မတ် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနား ကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း မြစန္ဒီခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး တာဝန်ခံဆရာကြီး ဦးထင်အောင်ကျော်က အဖွင့်အမှာစကား ပြောကြားပြီး သင်တန်းကြီးကြပ်ရေးမှူး ဦးဇင်မင်းအောင်ကအခြေခံပညာ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ကျောင်းများတွင် သင်ကြားမှု စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် ဆရာ၊ ဆရာမ များအနေဖြင့် အလေးထား ကြိုးစားကြရန်လိုအပ်ကြောင်း၊ သင်တန်းစည်းမျဉ်းစည်းကမ်းများနှင့် သင်တန်းတွင် ဆွေးနွေးရမည့် အကြောင်းအရာများကို မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ကျိုက်လတ်မြို့နယ်အတွင်းရှိ အခြေခံပညာ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ကျောင်းများမှ ဆရာ၊ ဆရာမ စုစုပေါင်း (၁၂၅၇) ဦး တက်ရောက်သင်ကြားမည်ဖြစ်ပြီး ဆွေးနွေးပွဲကာလမှာ မတ်လ၂၅ ရက် မှ ၃၀ ရက်နေ့အထိ (၆) ရက်ကြာ သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။
လှိုင်မင်းအောင်
https://t.me/MyanmarNationalPost

No comments:
Post a Comment