တာမွေ မတ် ၂၉
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် အပူဒဏ်ကြိုတင် ကာကွယ်ရေးဆိုင်ရာများနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး ကျန်းမာရေးနှင့်အညီ နေထိုင်သွားလာ စားသောက်တတ်စေရန် ရည်ရွယ်၍ ယမန်နေ့မွန်းလွဲပိုင်းအချိန်က တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်း၍ ရန်ကုန်မြို့ တာမွေမြို့နယ် အဝေရာလမ်းရှိ မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)၌အပူဒဏ်ကြိုတင်ကာကွယ်ရေး ဆိုင်ရာ ကျန်းမာရေးအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မို့မို့အောင်က ပွဲကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး တာမွေမြို့နယ် ကြက်ခြေနီအသင်းခွဲမှ တပ်ခွဲမှူး(၁) ဦးချစ်မင်းသူက ယခုအခါ ရာသီဥတုပူပြင်းလာသည့်အတွက် ပြည်သူများအနေဖြင့် အပူဒဏ်မှ ကြိုတင်ကာကွယ်နိုင်ရန် ဆောင်ရန်/ရှောင်ရန်အချက်များ၊ ကျန်းမာရေးနှင့်အညီ စနစ်တကျ နေထိုင်သွားလာစားသောက်နည်းများနှင့် ပတ်သက် ၍ အကျယ်တဝင့် အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများနှင့် ကျောင်းသား/သူ လူငယ်လူရွယ်လေးများ အသိဉာဏ်ပညာဗဟုသုတတိုးပွား စေရေးအတွက် အသိပညာပေးဟောပြောပွဲများ ကျင်းပဆောင်ရွက်လျက်ရှိသလို မြို့နယ်အတွင်းရှိ ရပ်ကွက်များ၊ အခြေခံပညာကျောင်းများနှင့် အစိုးရဌာနဆိုင်ရာရုံးများ၌ နယ်လှည့်စာကြည့်တိုက်များ ဖွင့်လှစ်၍ သုတ/ရသစာအုပ် စာစောင်များအား စာဖတ်ပရိသတ်များနှင့် စာပေဝါသနာရှင်များ လက်ဝယ်အရောက် အခမဲ့ ကွင်းဆင်းလိုက်လံ ငှားရမ်း ပေးလျက်ရှိကြောင်း၊ နိုင်ငံတစ်ဝှမ်း ဖြစ်ပေါ်နေသော သတင်းအချက်အလက်များ၊ ပြည်တွင်း/ပြည်ပ သတင်းများနှင့် ပြည်သူများဗဟုသုတရဖွယ် အစီအစဉ်များကိုလည်း ဒီဂျစ်တယ် နည်းပညာကို အသုံးပြု၍ အွန်လိုင်းမှတစ်ဆင့် ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိကြောင်းနှင့် အဆိုပါ အသိပညာပေး အစီအစဉ်များကို We Love Tar mwe Facebook Page နှင့် တာမွေမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သတင်းရရှိ ပါသည်။
နိုင်လင်းအောင်
https://t.me/MyanmarNationalPost


No comments:
Post a Comment