ကန့်ဘလူ မတ် ၂၃
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့တွင် နွေရာသီကျောင်းပိတ်ရက် ကျောင်းသား ကျောင်းသူများ လက်မှုပညာရပ်များ တတ်မြောက်စေရန်၊ တစ်နိုင်တစ်ပိုင်မှသည် စီးပွားဖြစ်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့မွန်းလွဲ ၂ နာရီက သိုးမွှေးချည်ထိုးနည်းသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က လက်မှုပညာရပ်တစ်ခုဖြစ်သည့် သိုးမွှေးချည်ထိုးသင်တန်းသို့ တက်ရောက်လာကြသော သင်တန်းသူများအနေဖြင့် သင်တန်းတွင်ပို့ချသည့် ပညာရပ်များကို အမှန်တကယ်ကျွမ်းကျင်တတ်မြောက်အောင် သင်ယူကာ လူမှုစီးပွားတိုးတက်အောင် ဆောင်ရွက်ကြရန်လိုကြောင်းနှင့် သင်တန်းစည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ သင်တန်းနည်းပြဆရာမ ဒေါ်အေးအေးဆန်းက သင်တန်းတွင်သင်ကြားပို့ချပေးမည့် ဘာသာရပ်များနှင့်စပ်လျဥ်း၍ ရှင်းလင်းပြောကြားသည်။ အဆိုပါသင်တန်းသို့ သင်တန်းသူ ၃၀ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ၆ ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)
https://t.me/MyanmarNationalPost
No comments:
Post a Comment