ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ပြည်သူ့စစ်မှုထမ်း ဥပဒနှင့်ပတ်သက်၍ ပြည်သူများအား တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ပြည်သူ့စစ်မှုထမ်း ဥပဒနှင့်ပတ်သက်၍ ပြည်သူများအား တွေ့ဆုံဆွေးနွေး



ငပုတော မတ် ၁၉

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် စစ်ဦးစီး ဗိုလ်မှူးကြီး စိုးစိုင်အောင်နှင့် တာဝန်ရှိသူများသည်  မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးများအား ပြည်သူ့စစ်မှုထမ်းဥပဒနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို မတ်လ(၁၇)ရက်နေ့ ညနေပိုင်းက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ် စစ်ဦးစီး ဗိုလ်မှူးကြီး စိုးစိုင်အောင်က ပြည်သူ့စစ်မှုထမ်းဥပဒနှင့် ပတ်သက်၍ ပြည်သူများကျယ်ကျယ် ပြန့်ပြန့်သိရှိစေရန်အတွက် ပြည်သူ့စစ်မှုထမ်းဆိုင်ရာ ကိစ္စရပ်များဖြစ်သည့် စစ်မှုထမ်းရမည့် အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ အမျိုးသားရေးတာဝန်၊ စိုးရိမ်ရန်မလို‌ကြောင်း၊ ဘာကြောင့်ပြည်သူ့စစ်မှုထမ်းစနစ် ကျင့်သုံးရတာလဲ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ကင်းလွတ်ခွင့်များနှင့် ယာယီရွှေ့ဆိုင်းနိုင်သူများ အစရှိသည်များအား ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရးမှူးများနှင့် ပြည်သူများမှ သိရှိလိုသည်များကို တင်ပြဆွေးနွေးခဲ့ကြရာ တိုင်းဒေသကြီးအစိုးရ အဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက လိုအပ်သည်များကို ဆွေးနွေး‌ပြောကြားခဲ့ကြကြောင်း သိရသည်။


အောင်သူ 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)