နတ်တလင်း မတ် ၁၉
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်သူနှင့်ဝန်ထမ်းများမှ "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ပန်းခင်းစီမံချက် လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ လက်ကမ်းစာစောင်တွင် ပန်းခင်းစီမံချက်ဆောင်ရွက်မည့် လုပ်ငန်း (၄) ရပ်၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများမှ ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ (၅) ဦး ကော်မတီဖွဲ့စည်းထားမှုများ၊ အိမ်ထောင်စုလူဦးရေးစာရင်း လျှောက်ထားရာတွင် လိုအပ်သောအထောက်အထားများ၊ အိမ်ထောင်စုလူဦးရေစာရင်းအတွက် လိုက်နာရမည့်အချက်များ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားလျှောက်ထားခြင်းပုံစံများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူများ လိုက်နာရမည့်အချက်များ၊ နည်းဥပဒေများကို ဝေဝေဆာဆာဖော်ပြထားရှိပြီ လက်ကမ်းစာစောင် (၂၀၀) စောင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment