တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့ကမ်းနားလမ်းတိုးချဲ့ဆိပ်ခံတံတားအား တက်ရောက်ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့ကမ်းနားလမ်းတိုးချဲ့ဆိပ်ခံတံတားအား တက်ရောက်ဖွင့်လှစ်



ပုသိမ်    မတ်    ၂၇

၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့်ဆောင်ရွက်ခဲ့သော ပုသိမ်မြို့ကမ်းနားလမ်းတိုးချဲ့ဆိပ်ခံတံတားအလျား(၂၀၀)ပေဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ဥမ္မာဒန္တီ တံတားနှင့် ဗိုလ်မြတ်လေးတံတားအကြားရှိ အဆိုပါဆိပ်ခံတံတား၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီး၏မြို့တော် ပုသိမ်မြို့၌ တိုင်းဒေသကြီးအစိုးရရန်ပုံငွေဖြင့် ကမ်းနားတိုးချဲ့ဆိပ်ခံတားတည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပုသိမ်မြို့ကမ်းနားလမ်းသည် ယခင်ကဈေးချောင်း လမ်းထိပ်မှစ၍ တစ်လမ်သွားစနစ်ဖြင့်သာအသုံးပြုနိုင်သော်လည်း နောက်ပိုင်းတွင် နှစ်လမ်း သွားအသုံးပြုနိုင်ရန်အတွက် လမ်းတိုးချဲ့ခြင်း၊ ကတ္တရာထပ်ပိုးလွှာခင်းခြင်းများ ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ဆက်လက်ပြီး မြို့နေပြည်သူများ အပန်းဖြေခြင်း၊ အနားယူခြင်း၊ လမ်းလျှောက်ခြင်းများနှင့် ကိုယ်လက်လှုပ်ရှားအားကစားများ ပြုလုပ်နိုင်ရန်အတွက် ဆိပ်ခံတံတားအား ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် မြစ်ချောင်းများ ဖွံ့ဖြိုးသည့် တိုင်းဒေသကြီးဖြစ်၍ ကမ်းနားလမ်းများ သန့်ရှင်းသပ်ရပ်လှပစေရန်နှင့် ကမ်းနားလမ်းကြံ့ခိုင်စေရန်အတွက်လည်းတပါတည်း ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ကမ်းနားလမ်းတိုးချဲ့ခြင်းလုပ်ငန်းများကိုလည်း ဘဏ္ဍာနှစ်အလိုက် ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ မြို့နေပြည်သူများအနေဖြင့်လည်း စည်းကမ်းတကျ အနားယူအပန်းဖြေရန်နှင့် ကမ်းနားတိုးချဲ့ဆိပ်ခံတံတားသန့်ရှင်း သာယာရေး၊ ရေရှည်တည်တံ့စေရေး ဝိုင်းဝန်းထိန်းသိမ်းပေးကြစေလိုကြောင်း” အမှာစကားများ ပြောကြားသည်။

ထို့နောက် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးက ပုသိမ်မြို့ကမ်းနားလမ်းတိုးချဲ့ ဆိပ်ခံတံတား တည်ဆောက်မှုအခြေအနေများကို ရှင်းလင်းပြောကြားပြီးနောက် ဆိပ်ခံတံတားဖွင့်ပွဲ အထိမ်းအမှတ်လက်ဆောင်အား တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံသို့ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ဆိပ်ခံတံတားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကာ ပုသိမ်မြို့ကမ်းနားလမ်း တိုးချဲ့ဆိပ်ခံတံတားအားလှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။ ပုသိမ်ကမ်းနားလမ်းတိုးချဲ့ ဆိပ်ခံတံတား တည်ဆောက်ခြင်းလုပ်ငန်း များကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ အလျား(၄၈၀) ပေစတင် တည်ဆောက်ခဲ့ရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှာ အလျား ၁၁၀ ပေ၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အလျား(၅၃၀)ပေ တည်ဆောက်ပြီးစီးခဲ့ပြီး ယခုဖွင့်လှစ်သည့် တိုးချဲ့ဆိပ်ခံ တံတား အလျား(၂၀၀)ပေ အပါအဝင် ပုသိမ်ကမ်းနားလမ်းတစ်လျှောက်တိုးချဲ့ ဆိပ်ခံတံတား စုစုပေါင်း အလျား (၁၃၂၀)ပေ ဆောင်ရွက်ပြီးဖြစ်ကြောင်းသိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကန်ကြီးထောင့်မြို့နယ်၊ တကုန်းကြီး ကျေးရွာအခြေခံပညာ အထက်တန်းကျောင်း (၁၂၀ပေ-၃၀ပေ)RCCတစ်ထပ် ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားအား တက်ရောက်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကျောင်းဆောင်သစ်အား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကာ ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။


လှမင်းထွဋ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)