ကောလင်းမြို့နယ်၊ ပန်းတင်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဖြင့်ဗုံးကျဲ တိုက်ခိုက်မှုကြောင့် နေအိမ်များမီးလောင်ပျက်စီးခဲ့ကြောင်း သတင်းတု၊ သတင်း အမှားများကို မဟုတ်မမှန်စွပ်စွဲရေးသားဖြန့်ဝေလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကောလင်းမြို့နယ်၊ ပန်းတင်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဖြင့်ဗုံးကျဲ တိုက်ခိုက်မှုကြောင့် နေအိမ်များမီးလောင်ပျက်စီးခဲ့ကြောင်း သတင်းတု၊ သတင်း အမှားများကို မဟုတ်မမှန်စွပ်စွဲရေးသားဖြန့်ဝေလျက်ရှိ


နေပြည်တော်၊ မတ် ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ ပန်းတင်ကျေးရွာကို မတ်လ ၂၅ ရက်နေ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒရုန်းဖြင့်ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းတု၊ သတင်း အမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က မဟုတ်မမှန်စွပ်စွဲရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

KIA နှင့် PDF အမည်ခံအကြမ်းဖက်သမားများသည် ကောလင်းမြို့မှ ဆုတ်ခွာ ထွက်ပြေးသွားပြီးနောက်တွင် ကောလင်းမြို့တွင်း၌ မိုင်းရှင်းလင်းခြင်းလုပ်ငန်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင် များအား လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခြင်းနှင့် ကျေးရွာများအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခြင်းများကြောင့် ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိ ခြင်းနှင့် နေအိမ်များမီးလောင်ပျက်စီးလျက်ရှိသည်။

ယခုဖြစ်စဉ်သည်လည်း ကောလင်းမြို့နယ်အတွင်း နယ်မြေလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို KIA နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ပန်းတင်ကျေးရွာအတွင်းမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နေအိမ်များမီးရှို့ထွက်ပြေးသွားခဲ့ သည့်အတွက် ပန်းတင်ကျေးရွာရှိနေအိမ်များ မီးလောင်ပျက်စီးရသည်ကို ပြည်သူ များအား သတင်းအမှန်များသိရှိစေရန် ရေးသားဖြန့်ဝေခြင်းမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင် များအပေါ် အထင်အမြင်လွဲမှားစေရန်အတွက် လုပ်ကြံရေးသားဝါဒဖြန့်ဝေ နေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)