ချမ်းမြသာစည် မတ် ၂၈
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်တောင် ရပ်ကွက်၊ စစ်ကိုင်းလမ်းခွဲ၊ နားမကြားသော ကလေးများကျောင်းတွင် မြန်မာ "စံ" လက်သင်္ကေတပြ ဘာသာစကား ကူညီပံ့ပိုးသူ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်းနှင့် ဌာနဆိုင်ရာများ၊ နားမကြားသော ကလေးများ ကျောင်းအုပ်ကြီး ဒေါ်မြတ်မြတ်စိုးနှင့် ဆရာ၊ဆရာမများ၊ သင်တန်းသား/သူများ၊ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စု၀န်ကြီး ဒေါက်တာ စိုးဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် ဝန်ကြီးချုပ် ဦးမျိုးအောင်တို့မှ သင်တန်းသား/သူများအား သင်တန်းဆင်း လက်မှတ်များကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများမှ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သတင်းရသည်။
ချမ်းမြေ့
https://t.me/MyanmarNationalPost
No comments:
Post a Comment