မုဒုံ မတ် ၂၅
မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ ဆံတော်ရှင် ကန်ကလေးစေတီတော်၏ ဗုဒ္ဓပူဇနိယဘုရားပွဲတော် မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲကို ယမန်နေ့ (တပေါင်းလပြည့်နေ့) က ဘုရားဝင်အတွင်းရှိ ကန်ကလေးရေကန်၌ ကျင်းပသည်။
အဆိုပါ မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲ ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကို ကန်ကလေးဘုရားကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဣန္ဒက၊ စေတီတော်ဂေါ်ပကအဖွဲ့ဉက္ကဋ္ဌ ဦးတင်လှိုင်နှင့် အဖွဲ့ဝင်များက ကြီးကြပ်ဆောင်ရွက်၍ ဇွဲအာမာန်၊ ကောင်းထက်၊ မျိုးဆက်သစ်၊ ကောင်းအိမ်သူ၊ ကျုံဖိုက်-၂၊ ကျုံဖိုက်ကွက်သစ်၊ မေတ္တာမွန် လှေလှော်အသင်း (၇) သင်းတို့မှ ယှဉ်ပြိုင်လှော်ခတ်ကြရာ မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ ဒေသခံပြည်သူများက လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
လှေလှော်ပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်းများက နှစ်ရက်ကြာ ယှဥ်ပြိုင်လှော်ခတ်ခဲ့ကြပြီး ဗိုလ်လုပွဲစဥ်တွင် မျိုးဆက်သစ်လှေလှော်အသင်းနှင့် ကောင်းထက်လှေလှော်အသင်းတို့က ယှဥ်ပြိုင်လှော်ခတ်ကြရာ မျိုးဆက်သစ်အသင်းက အနိုင်ရဗိုလ်စွဲခဲ့သည်။ ဆက်လက်၍ ဆုပေးပွဲကို ကျင်းပရာ တာဝန်ရှိသူများက ပထမဆု (၅) သိန်း ၊ ဒုတိယဆု (၃) သိန်း၊ တတိယဆု (၂) သိန်း၊ စတုတ္ထဆု (၁) သိန်းတို့ကို ဆုရအသင်းများအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
အောင်မျိုးသူ
https://t.me/MyanmarNationalPost


No comments:
Post a Comment