မော်လမြိုင်ကျွန်းမြို့နယ်၌ မြို့နယ်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လမြိုင်ကျွန်းမြို့နယ်၌ မြို့နယ်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


မော်လမြိုင်ကျွန်း မတ် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ မြို့နယ်အမျိုးသမီးကော် မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ် (၁၂)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မော်ဧရာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအစည်းအဝေးတွင် မြို့နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ ဦးသီဟဇော်က အဖွင့်အမှာစကား ပြောကြားရာ နိုင်ငံတော်အစိုးရအနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး အစဥ်တစိုက်ဆောင်ရွက်လျက်ရှိကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနအနေဖြင့် လူတိုင်းလူ့အခွင့်ရေးရရှိနိုင်ရေး၊ မြန်မာနိုင်ငံ၏ လူဦးရေတစ်ဝက် ကျော်ကို ကိုယ်စားပြုထားသော အမျိုးသမီးများသည် နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အင်အားစုတစ်ရပ်အဖြစ်ပါဝင်ကြောင်း၊ ကျား/မ တန်းတူညီမျှမှုရရှိ ရေး၊ ခွဲခြားဆက်ဆံမှုပပျောက်ရေး၊ အမျိုးသမီးများအခွင့်အရေးများကို အပြည့်အဝရရှိရန် မြန်မာ နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဖွဲ့စည်းပြီး ၎င်းအဖွဲ့အစည်း၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာဝန်ကြီးဌာန၊ NGO. INGO အဖွဲ့အစည်းများပူးပေါင်းပြီး အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်းများချမှတ်ပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့ပြီးနောက် မြို့နယ်အမျိုးသမီးကော်မတီ အတွင်းရေးမှူး လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သဇင်မက မြို့နယ်အတွင်း အမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ကူညီဆောင်ရွက်ပေးနေမှု များနှင့် ပက်သတ်၍ အသေးစိတ်အချက်အလက်များကို Projector ဖြင့် ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။

ထိုနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ကော်မတီဝင်များက ကဏ္ဍာတစ်ခုချင်း အလိုက် အသီးသီးဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရသည်။


ရဲကိုမောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)