ပြည်ခရိုင်၊ ပြည်မြိုနယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ခရိုင်၊ ပြည်မြိုနယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်




ပြည် မတ် ၂၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နဝဒေးရပ်ကွက် စက်မှုဇုံ(၂)ရှင်းလင်းဆောင်၌ ​ယမန်နေ့ ညနေပိုင်းက ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။

အဆိုပါအခမ်းအနားတွင်ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီး အောင်သောင်းထိုက်က ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများနှင့် ပြည်သူစစ်မှုထမ်းဥပဒေနှင့် ကင်းလွတ်ခွင့်ရှိသူများ သာသနာ့ဝန်ထမ်းများ၊ သီလရှင်များ၊ သင်းအုပ်ဆရာများ၊ အမြင်အာရုံအကြားအာရုံချိုယွင်းသူများ၊ အိမ်ထောင်သည်မိန်းကလေးများ၊ ခလေးမိခင်များ၊ ရောဂါခံရှိသူများ၊ ဆေးစစ်ချက်အရကင်းလွတ်ခွင့်ရှိသူများ မိအိုဖအိုပြုစုနေရသူများ၊ ကျောင်းတက်နေသူများ စစ်မှုထမ်းရန်မလိုပါ။ တစ်နိုင်ငံလုံးအနေဖြင့် စစ်မှုထမ်းရန် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အထိ အကြုံးဝင်သော်လည်း ယခုအသက် ၂၄ နှစ်မှ အသက် ၃၀ အတွင်း (၁၀)တန်းမအောင်မြင်သေးသောသူများကိုသာ ခေါ်ယူခြင်းဖြစ်ကြောင်းသိရပြီး လူဦးရေစစ်တမ်းအရ လူဦးရေ၏ ၁% ရာခိုနှုန်းကိုသာခေါ်ယူမှာဖြစ်ကြောင်း တစ်ပတ်လျှင် ၅၀၀၀ ဦးဖြင့် (၁၄)ပတ်ခေါ်ယူ၍ ၃ လသင်တန်းပေးကာ မိမိတို့မြို့နယ်ခရိုင်အတွင်းရှိ တပ်များတွင် သာလုံခြုံရေး တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီး သင်တန်းကာလမှာ ၃ လဖြစ်ပြီး ၂ နှစ်တာ ဝန်ထမ်းဆောင်နေစဥ် ခွင့်များလည်း ခံစားခွင့်ရှိပြီး လစာအပြင်ရိက္ခာများလည်းရမည် ဖြစ်ကြောင်း ယခုအချိန်ကာလတွင် အမျိုးသမီးများခေါ်မည်မဟုတ်သေးကြောင်း ပုံစံ ၃က။ စာပိုက် ၉ တွင်ဆန္ဒပြု၊ မပြုကိုယ်တိုင် အမှန်ချစ်ရမှာဖြစ်ကြောင်း ကိုယ်လက်အင်္ဂါမသန်စွမ် သူများ၊ ကျန်းမာရေးချိုယွင်းချက်ရှိသူများအပြင် စိတ်ပေါသွပ်နေသူများကင်းလွတ်ခွင့်ရှိပြီး ယာယီကင်းလွတ်ခွင့်နှင့်ရွှေ့ဆိုင်းခွင့်ကိုတော့ ပြစ်ဒဏ်ကျခံနေရသူ၊ မူးယစ်ဆေးဖြတ်နေသူများ၊ ရုတ်တရက်ထိခိုက်ဒဏ်ဂါရနေသူများတွေကို ယာယီကင်းလွတ်ခွင့်ရွှေဆိုင်းခွင့်ရှိမှာဖြစ်ပြီး နိုင်ငံ့တာဝန်ကို အနှစ်၂၀ ကျော်ထမ်းဆောင်လာသူများ၏သား သမီးများဖြစ်ပါက တာဝန်ကို တစ်ဝက်သာထမ်းဆောင်ရမှာဖြစ်ကြောင်း တာဝန်ထမ်းဆောင်ပြီးပါက ပုံစံ(၁၂)ပြီးဆုံးကြောင်း လက်မှတ်ထုတ်ပေးမည်ဖြစ်ကြောင်း ဟောပြောဆွေးနွေးသည်။

အဆိုပါပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်စရာဆွေးနွေပွဲသို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဝန်ကြီးများ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ စက်မှုဇုံမှ လုပ်ငန်းရှင်များ၊ အလုပ်သမားများ တက်ရောက်ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)