မက်မန်း မတ် ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့တွင် မြို့နယ်အခြေခံပညာဦးစီးဌာနနှင့် ပြည်သူ့ကျန်းမားရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းကျန်းမားရေးစစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ သင်တန်းကို ယမန်နေ့နံနက်(၉)နာရီအချိန်က မက်မန်းမြို့၊ မြို့နယ်ပညားရေးမှူးရုံးတွင် ကျင်းပခဲ့သည်။
အဆိုပါ သင်တန်းကို ကျောင်းကျန်းမားရေးစစ်ဆေးချိန်တွင် ကျောင်းသား/ကျောင်းသူ တစ်ဦးချင်းစီအတွက် ကျန်းမားရေးစစ်ဆေးတွေ့ရှိချက်များကို စနစ်တကျမှတ်တမ်းတင်ထားရန်၊ ကျောင်းသားမိဘများ၊ အုပ်ထိန်းသူများနှင့် ဆရာ/ဆရာမတို့က မိမိကျောင်းရှိ ကျောင်းသားကလေးများတွင် အဖြစ်များသော ရောဂါများ၊ ကျန်းမာရေးပြသနာများကို ဖော်ထုတ်သိရှိနိုင်စေရန်၊ မိဘများသို့ အသိပေးခြင်း၊ အချိန်မီလွှဲပြောင်းကုသခြင်း၊ ကျန်းမာရေးဌာနနှင့်ချိတ်ဆက်၍ လိုအပ်သည့် စောင့်ရှောက်မှုများကို ရယူရန်၊ မိဘ၊ ဆရာနှင့် ကျောင်းသား/ကျောင်းသူများက ကျန်းမာရေးကို ပိုမိုစိတ်ပါဝင်စားလာစေရန်၊ ကျောင်းကျန်းမားရေးဆိုင်ရာလုပ်ငန်းများကို မိဘများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း မြို့နယ်ကျန်းမားရေးဌာမှ ဝန်ထမ်းများက ရှင်းလင်းပို့ချခဲ့သည်။
အဆိုပါ သင်တန်းကို မက်မန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမ (၅၅)ဦး တက်ရောက်ခဲ့ချပြီး သင်တန်းကာလမှာ မတ်လ(၂၁)ရက်မှ (၂၂)ရက်အထိ (၂)ရက်ဖြစ်ကြောင်း သိရသည်။
စောဥမ္မာ
https://t.me/MyanmarNationalPost
No comments:
Post a Comment